ရှေ့သို့
Image

ကိုဒီဂတ်ပိုကို ခေါ်ယူနိုင်ဖို့အရေး လာမယ့်နွေရာသီမှာ ကြိုးစားလာဖို့ ရှိနေတဲ့ ယူနိုက်တက်

10:38 AM, 29 September

ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း တစ်သင်း ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ပီအက်စ်ဗွီအသင်းနဲ့ အတူ ထက်မြက်တဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့ကာ တရှိန်ထိုး နာမည်ရလာခဲ့တဲ့ နယ်သာလန် စတားကိုဒီဂတ်ပိုကို လာမယ့်နှစ် နွေအပြောင်းအရွှေ့ကာလ ရောက်တဲ့အခါ ခေါ်ယူနိုင်ဖို့ရန်အတွက် ထပ်မံကြိုးစားလာဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။

ကိုဒီဂတ်ပိုက လက်ရှိအချိန်မှာ လူးဝစ်ဗန်ဟားရဲ့ နယ်သာလန်အသင်းနဲ့အတူ နိုင်ငံတကာ ပွဲစဉ်တွေ ဝင်ရောက် ကစားခွင့်ရနေတဲ့ ကစားသမား တစ်ဦးဖြစ်သလို ပြီးခဲ့တဲ့ ညမှာ နေရှင်းလိဂ် ပွဲစဉ်အဖြစ် ကစားခဲ့ကြတဲ့ နယ်သာလန် ၂ - ၀ ပိုလန်ပွဲစဉ်တွင်လည်း နယ်သာလန်အသင်းအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဗန်ဒိုက် သွင်းယူခဲ့တဲ့ ဂိုးကိုလည်း ထောင့်ကန်ဘောကနေ ဖန်တီးပေးနိုင်ခဲ့တာကြောင့် တစ်ဂိုးသွင်း၊ တစ်ဂိုး ဖန်တီးနိုင်ခဲ့ပြီး အထူးတလည် ခြေစွမ်းပြ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကိုဒီဂတ်ပိုက ပီအက်စ်ဗွီအသင်း အတွက် လက်ရှိဘောလုံးရာသီအတွင်းမှာတင် ပြိုင်ပွဲစုံ သွင်းဂိုး ၁၀ အထိ သွင်းယူပေးထားနိုင်ခဲ့ပြီ ဖြစ်ပြီး ဂတ်ပိုကို ခေါ်ယူဖို့ လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားမှုတွေ ရှိနေပေမဲ့ နာမည်ကျော် သတင်းဌာန တစ်ခုဖြစ်တဲ့ ဖော်ဘက်စ် သတင်းဌနာကတော့ ပီအက်စ်ဗွီစတား ဂတ်ပိုအနေဖြင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလ ရောက်တဲ့အခါ ယူနိုက်တက်အသင်းကိုသာ ပြောင်းရွှေ့ကစားနိုင်ခြေ ရှိနေတယ်လို့ ဖော်ပြထားခဲ့ပါတယ်။

ယူနိုက်တက်အသင်းက အဓိကဝါရင့်တိုက်စစ်ကစားသမား ရော်နယ်ဒိုရဲ့ အနာဂတ် မရေရာမှုနဲ့အတူ အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို အားဖြည့်နိုင်ဖို့အတွက် ပီအက်စ်ဗွီအသင်းနဲ့ အတူ ဆက်တိုက် ခြေစွမ်းပြလာနိုင်ခဲ့တဲ့ ကိုဒီဂတ်ပို ကို ခေါ်ယူဖို့ ချိတ်ဆက်မှု တွေရှိထား ခဲ့တာ ဖြစ်ပေမဲ့ အေဂျက်စ် စတား အန်တိုနီကို ခေါ်ယူဖို့ရန်အတွက် ပေါင် ၈၆ သန်းအထိ အသုံးပြုခဲ့ရပြီး ဖြစ်တာကြောင့် ဂတ်ပို ကိုခေါ်ယူဖို့အရေး လက်လျော့ထားခဲ့တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပီအက်စ်ဗွီ #ဂတ်ပို #ပရီးမီးယားလိဂ်