ရှေ့သို့
Image

အင်္ဂလန်နဲ့ ဂိုးသမား နေရာအတွက် နစ်ပုပ် နဲ့ ရမ်စ်ဒေးလ်တို့ကြား ဘယ်သူ့ကို ရွေးရမလဲဆိုတာ မသိကြောင်း ဆီးမန်း ဝန်ခံပြောကြား

11:27 AM, 28 September

အာဆင်နယ် ဂိုးသမားဟောင်း ဒေးဗစ်ဆီးမန်းက အင်္ဂလန်နံပတ် ၂ ဂိုးသမား နေရာ အတွက် ရမ်စ်ဒေးလ် နဲ့ နစ်ပုပ်တို့ ၂ ဦးထဲက ဘယ်သူ့ကို ရွေးချယ်ရမလဲ ဆိုတာကို မသိကြောင်း ဝန်ခံ ပြောကြားလိုက်ပါတယ်။ နစ်ပုပ်ဟာ ဂျာမနီအသင်းကို သရေကျခဲ့တဲ့ပွဲမှာ အမှားတစ်ခုကနေ ဂျာမနီအသင်းရဲ့ တတိယဂိုးကို ပေးခဲ့ရတာ ဖြစ်ပါတယ်။


ပစ်ဖို့ဒ် မပါဝင်နိုင်တဲ့ အနေအထားမှာ နယူးကာဆယ် ဂိုးသမားက အီတလီနဲ့ ဂျာမနီပွဲတွေမှာ ရမ်စ်ဒေးလ်ကို ကျော်ဖြတ်ပြီး ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ အင်္ဂလန် ဂိုးသမားဟောင်း ဆီးမန်းက အဆိုပါကစားသမား ၂ ဦးဟာ တကယ်ကောင်းတဲ့ ဂိုးသမားတွေလို့ ယုံကြည်နေပါတယ်။


“ဂိုးသမားတွေကို ကြည့်လိုက်ချိန်မှာ ဂျော်ဒန်က တကယ်ကောင်းသလို အာရွန်ကလည်း တကယ် ကောင်းပါတယ်။ ဒင်းကလည်း ကောင်းပါတယ်။ နစ်က မတူညီတဲ့နေရာတွေမှာ ကောင်းမွန်သလို ၊ ပင်နယ်တီမှာလည်း ကောင်းပါတယ်။ 


ဒါပေမယ့် အာရွန်ကတော့ တစ်ပွဲလုံး အနေအထားမှာ ကောင်းတာပါ။ နံပတ် ၁ ဂိုးသမား နေရာအတွက်တော့ ပစ်ဖို့ဒ်ကိုပဲ ရွေးရမှာပါ။ ကမ္ဘာ့ဖလားအတွက် သူအဆင်သင့် ဖြစ်လာနိုင်ပါတယ်”လို့ ဆီးမန်းက ပြောကြားခဲ့ပါတယ်။

#အင်္ဂလန် #ပစ်ဖို့ဒ် #ဒေးဗစ်ဆီးမန်း