ရှေ့သို့
Image

ပယ်နယ်တီ ကန်သွင်းချိန်မှာ မျက်နှာကို လေဆာနဲ့ အထိုးခံခဲ့ရပေမယ့် သွေးအေးအေးနဲ့ ကန်သွင်းခဲ့တဲ့ နေမာ

10:42 AM, 28 September

ဒီနေ့မနက်ပိုင်း၊ ပြင်သစ်မြေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရာဇီး-တူနီးရှားတို့ရဲ့ ခြေစမ်းပွဲစဉ်မှာ ဘရာဇီးအတွက် တတိယမြောက် ဦးဆောင်ဂိုး အတွက် နေမာက ပယ်နယ်တီမှ တဆင့်ကန်သွင်းယူချိန် မျက်နှာကို လေဆာရောင်ခြည်မီးနဲ့ အထိုးခံခဲ့ရပေမယ့် သွေးအေးအေးနဲ့ အဆုံးသတ် သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ဘရာဇီးက တူနီးရှား ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲချိန် ၁၁ မိနစ်မှာ ရာဖင်ဟာက ဘရာဇီးအတွက် ဦးဆောင်ဂိုးကို ခေါင်းတိုက် သွင်းယူပေးခဲ့ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ တူနီးရှားအတွက် တာလ်ဘီက ချေပဂိုးပြန်လည်သွင်းယူပေးခဲ့တာကြောင့် တစ်ဖက်တစ်ဂိုးစီ ဖြစ်သွားခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ ပွဲချိန် ၁၉ မိနစ်မှာ ရစ်ချာလီဆန်က ဘရာဇီးအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီးနောက် ဘရာဇီးအတွက် တတိယမြောက်သွင်းဂိုးဖြစ်ပေါ်လာစေဖို့ ပွဲချိန် ၂၈ မိနစ်ဝန်းကျင်မှာ ပယ်နယ်တီ ရရှိခဲ့ပါတယ်။ ဒီပယ်နယ်တီပြစ်ဒဏ်ကို နေမာက ကန်သွင်းဖို့ ပြင်ဆင်နေချိန်မှာပဲ ကွင်းတွင်းမှာရှိတဲ့ ပရိသတ်တွေက နေမာရဲ့ မျက်နှာကို လေဆာရောင်ခြည်မီးနဲ့ ထိုးပြီး နှောင့်ယှက်ခဲ့တာပါ။ 

ဒါပေမယ့် ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးက စိတ်ပျက်နေတာမျိုးမရှိဘဲ ပယ်နယ်တီကို သွေးအေးအေးနဲ့ အဆုံးသတ်ကန်သွင်းခဲ့ပါတယ်။ ဘရာဇီးအတွက် စတုတ္ထမြောက်သွင်းဂိုးကို ပွဲချိန် ၄၀ မိနစ်မှာ ရာဖင်ဟာက ဆက်လက်သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းပွဲချိန် ၇၂ မိနစ်မှာ ပက်ဒရိုက ပဉ္စမမြောက်သွင်းဂိုးကို ရယူပေးခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ဘရာဇီး လက်ရွေးစင်အသင်းဟာ လာမယ့် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ကြိုတင် ပြင်ဆင်မှုတွေကို အလှပဆုံး အဆုံးသတ် နိုင်ခဲ့ပါတယ်။

#ဘရာဇီး #ကမ္ဘာ့ဖလားခြေစစ်ပွဲ #နေမာ