ရှေ့သို့
Image

ဆွီဒင်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း ဆလိုဗေးနီးယားအသင်းအတွက် လှပတဲ့ သွင်းဂိုး သွင်းယူပေးခဲ့တဲ့ ယူနိုက်တက်ပစ်မှတ် ဆက်ကို

10:59 AM, 28 September

ဩစတြီးယားကလပ် ဆဲလ်ဘတ်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အပါအဝင် ဥရောပ ကလပ်အသင်းကြီး များစွာက ခေါ်ယူဖို့ စောင့်ကြည့်ခြင်း ခံနေရတဲ့ ဆလိုဗေးနီးယားတိုက်စစ်ကစားသမား ဆက်ကိုက အင်္ဂါနေ့ညမှာ နေးရှင်းလိဂ် အုပ်စုပွဲစဉ်အဖြစ် ဆွီဒင်အသင်းနဲ့ ကစားထားခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုးကို လှပတဲ့ ကန်ချက်ဖြင့် ကန်သွင်းရယူနိုင်ခဲ့တာကြောင့် ဘောလုံး ပရိသတ်တွေရဲ့ အကြားမှာ အထင်ကြီး လူပြော များစရာ ဖြစ်နေတာပဲ ဖြစ်ပါတယ်။

အဆိုပါ ဆလိုဗေးနီးယားအသင်းနဲ့ ဆွီဒင်အသင်းတို့ ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် ပထမပိုင်း ပွဲကစားချိန် ၂၈မိနစ် အရောက်မှာ အသင်းဖော် ပီတာ စတိုဂျာနိုဗစ်ရဲ့ မတင်ပေးပို့လိုက်တဲ့ ဘောလုံးကို ဆဲလ်ဘတ် တိုက်စစ်မှုး ဆက်ကိုက ရင်ဘက်နဲ့ တစ်ချက်ထိန်း၊ ဒူးနဲ့ တစ်ချက်တည်းကာ မြေမထိခင်မှာပဲ လှလှပပ ကန်သွင်းယူ နိုင်ခဲ့တာ ဖြစ်ပြီး ပြိုင်ဘက် ဆွီဒင်အသင်းကို အဖွင့်ဂိုး သွင်းယူလိုက်နိုင်တာ ဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ဆက်စ်ကို ရဲ့ လှပတဲ့ ဘယ်ခြေကန်သွင်းချက်ဖြင့် ဆလိုဗေးနီးယားအသင်းက ဆွီဒင်အသင်းဘက်ကို ဦးဆောင်ထားခွင့်ရရှိခဲ့ပေမဲ့ ပထမပိုင်းပွဲ မပြီးဆုံးခင်အချိန်အတွင်းမှာပဲ ပြိုင်ဘက် အသင်းဘက်က ချေပဂိုး ပြန်လည် ရယူသွားနိုင်ခဲ့တဲ့အပြင် ပွဲပြီးဆုံးချိန်အထိ နှစ်သင်းစလုံးမှ သွင်းဂိုးတွေ ထပ်မံသွင်းယူနိုင်ခဲ့ခြင်း မရှိတော့တာကြောင့် ၁ဂိုး - ၁ဂိုး သရေ ဖြစ်သာ ပွဲပြီးဆုံးသွားခဲ့တာလည်းဖြစ်ပါတယ်။

ဆဲလ်ဘတ်စတား ဆက်ကိုရဲ့ သွင်းဂိုးနဲ့ ပတ်သက်လို့ လူမှုကွန်ယက်စာမျက်နာ တစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ ပရိသတ်အချို့က “ဆက်ကိုက တကယ့်ဘောလုံး ပါရမီထူးတဲ့ ကစားသမားမျိုးပဲ” “ဘောလုံးလောကမှာ မြင်တွေ့နေရတဲ့ အကောင်းဆုံး သွင်းဂိုးတွေထဲက တစ်ဂိုးလို့တောင် ပြောလို့ ရတယ်” “သိပ်မိုက်တဲ့ သွင်းဂိုးကို မြင်လိုက်ရတာပဲ”ဆိုပြီးအမျိုးမျိုး မှတ်ချက်ပေး Tweet ထားကြတာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #နေးရှင်းလိဂ် #ဆွီဒင် #ဆက်ကို