ရှေ့သို့
Image

ခံစစ်ပိုင်း အားနည်းချက် ရှိနေပေမယ့် အာနိုးလ်ကို ရွေးချယ်ဖို့ ဆောက်ဂိတ်ကို ဆောင်းနက်စ်တိုက်တွန်း

11:17 AM, 27 September

လီဗာပူးဂန္ထဝင် ဂရေမီဆောင်းနက်စ်က အင်္ဂလန်နည်းပြ ဆောက်ဂိတ်အနေနဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ အာနိုးလ်ကို ရွေးချယ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ လီဗာပူး နောက်ခံလူဟာ ဒဏ်ရာ အခြေအနေကြောင့် ဂျာမနီနဲ့ပွဲကို လွဲချော်တဲ့ ကစားသမား ၅ ဦးထဲမှာ ပါဝင်လာခဲ့ပါတယ်။ ဒါ့အပြင် အီတလီကို အရေးနိမ့်ခဲ့တဲ့ နေးရှင်းလိဂ် ပွဲတုန်းကလည်း လူစားဝင် ကစားခွင့် မရခဲ့တာ ဖြစ်ပါတယ်။


၂၀၁၈ နောက်ပိုင်းကတည်းက အာနိုးလ်ဟာ အင်္ဂလန် အသင်း အတွက် ၅၈ ပွဲမှာ ၁၇ ပွဲသာ ပါဝင်ခွင့် ရရှိထားပါတယ်။ ဆောက်ဂိတ်ဟာ အာနိုးလ်အစား ရိစ်ဂျိမ်းစ် ၊ ဝေါ်ကာ နဲ့ ထရစ်ပီယာတို့ကို ပိုခေါ်ယူခဲ့တာဖြစ်ပါတယ်။ “ပြိုင်ပွဲတွေမှာ အသင်း တစ်သင်းအနေနဲ့ အကောင်းဆုံး လူစာရင်းနဲ့ပဲ သွားပြိုင်သင့်ပါတယ်။ အဲ့လိုလူစာရင်းမှာ အာနိုးလ်က ပါဝင်သင့်ပါတယ်။


အာနိုးလ်က နောက်ဆုံး ၁၀ မိနစ် ဒါမှမဟုတ် ၁၅ မိနစ်လောက်မှာ ပါဝင် ကစားသင့်တဲ့ သူမျိုး မဟုတ်ပါဘူး။ သေချတာက သူက ဒီလူစာရင်းမှာ ပါဝင်သင့်တဲ့ အရည်အချင်း ရှိတဲ့သူပါ”လို့ ဆောင်းနက်စ်က ပြောကြားခဲ့ပါတယ်။


အာနိုးလ်ရဲ့ ဒီရာသီ ခံစစ် ပြဿနာကြောင့် ဝေဖန်ခံနေရတာဖြစ်ပြီး ဆောင်းနက်စ်က အခုလိုပြောကြားခဲ့ပါတယ်။ “သူက တိုက်စစ် လိုက်ပါတဲ့နေရာမှာ ကောင်းပါတယ်။ မှန်ပါတယ်။ သူက ခံစစ် ကောင်းသင့်ပါတယ်။ ဒါပေမယ့် သူက last third ဇုန်ကို ပေးပို့နိုင်တဲ့သူပါ။ တိုက်စစ်ကို အတိအကျ ပေးပို့နိုင်တဲ့သူပါ”လို့ ဆောင်းနက်စ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

#လီဗာပူး #အာနိုးလ် #ဆောင်းနက်စ်