ရှေ့သို့
Image

ဟာလန်းရဲ့ ဗီဒီယိုတွေကို YouTube ကနေ ကြည့်ရှုကြောင်း ဝန်ခံပြောကြားလိုက်တဲ့ ယူနိုက်တက်ပစ်မှတ် ဆက်ကို

10:58 AM, 27 September

ယူနိုက်တက်ပစ်မှတ် ဆက်ကိုက မန်စီးတီးစတား ဟာလန်းရဲ့ဗီဒီယိုတွေကို YouTube ကနေ ကြည့်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဆက်ကိုဟာ နွေရာသီအပြောင်းအရွှေ့အတွင်း ယူနိုက်တက်ရဲ့ ချိတ်ဆက်ခံခဲ့ရတာဖြစ်ပေမယ့် အသက် ၁၉ နှစ်သားဟာ လာမယ့်နှစ်မှာ လိုက်ပ်ဇစ်ကို ပြောင်းဖို့ သဘောတူညီမှုရရှိထားပါတယ်။

ယူနိုက်တက်အနေနဲ့ ဆက်ကို ကြားဖြတ်ခေါ်ယူဖို့ အေးဂျင့် ဂျွန်နဲ့တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဆက်ကိုတစ်ယောက် ဆဲလ်ဘတ်ဂျ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၇ ပွဲအထိ ပါဝင်ကစားထားပြီး ၁၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဆက်ကိုတစ်ယောက် ရာသီကြိုခြေစမ်းပွဲတုန်းက လီဗာပူးအသင်းနဲ့ ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဆိလိုဗေးနီးယားတိုက်စစ်မှူးဟာ အခုအပတ်မှာကစားခဲ့တဲ့ နော်ဝေကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပါဝင်ခဲ့ကာ အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ ဆဲလ်ဘတ်စတားက နော်ဝေစတားကို အားကျမိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ “သူက အရမ်းကောင်းတဲ့ ကစားသမားပါ။ ကျွန်တော် သူ့ကိုလေးစားပါတယ်။ ယူကျူ့ဘ်ကနေ  သူ့ဗီဒီယိုကနေ ကြည့်ဖြစ်ပါတယ်။ သူ့ဂျာစီရခဲ့လို့ ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော် သူ့ဂျာစီကို သိမ်းထားမှာပါ။ ကောင်းကောင်းကစားခဲ့ပြီး ကျွန်တော် အရမ်းပျော်ပါတယ်”လို့ ဆက်ကိုက ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #လိုက်ပ်ဇစ် #ဟာလန်း #ဆက်ကို