ရှေ့သို့
Image

ဘရာဇီးအသင်းမှာ ပီလီရဲ့ သွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်နေတဲ့ နေမာ

10:32 AM, 26 September

ပီအက်ဂျီတိုက်စစ်ကစားသမား နေမာက ဘရာဇီးအသင်းရဲ့ သွင်းဂိုးစံချိန်ရှင် ဂန္တဝင်ကစားသမား ပီလီရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်နေကြောင်း ပြောခဲ့ပါတယ်။

ပီလီဟာ ဘရာဇီးကစားသမားဘဝတစ်လျောက် ၉၂ပွဲ ကစားခဲ့ရာမှာ ၇၇ဂိုး အထိ သွင်းယူကာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ နေမာကတော့ ယခုအချိန်မှာ ဘရာဇီးအတွက် ၇၄ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်တာကြောင့် ပီလီရဲ့စံချိန်ကိုမီဖို့ ၃ဂိုးသာ လိုအပ်တော့တာ ဖြစ်ပါတယ်။

အဆိုပါစံချိန်နဲ့ ပတ်သက်ပြီး နေမာက "ဘုရားသခင်အလိုတော်အရ ကျွန်တော် သူ့စံချိန်ကို လိုက်မီနိုင်ဖို့ မျှော်လင့်ပါတယ်" "ကျွန်တော် အဲ့ဒီစံချိန်အကြောင်း အသင်းဖော်တွေကို ပြောသွားမှာဖြစ်ပြီး ဒီစံချိန်ကို လိုက်မီဖို့ ကူညီပေးကြပါဆိုပြီး ထပ်ပြောဖြစ်ဦးမှာပါ"လို့ ပြောခဲ့ပါတယ်။

#ပီလီ #ဘရာဇီး #ပီအက်စ်ဂျီ #နေမာ