ရှေ့သို့
Image

ဂရေဟမ်ပေါ့တာနဲ့အတူ ချဲလ်ဆီး ပြန်လာမယ်လို့ ကြုံးဝါးပြောဆိုလိုက်တဲ့ ကူလီဘာလေ

10:59 AM, 25 September

ချဲလ်ဆီးအသင်းရဲ့ အဓိကဗဟိုနောက်တန်းကစားသမား တစ်ဦးဖြစ်သူ ကူလီဘာလေက ပရီးမီးယားလိဂ် ရာသီအစပိုင်းမှာ ရလဒ်တွေ ဆိုးရွားနေခဲ့ပေမဲ့ ဘရိုက်တန်အသင်းကနေ ခေါ်ယူထားတဲ့ အင်္ဂလိပ် လူမျိုးနည်းပြ ဂရေဟမ်ပေါ့တာနဲ့အတူ ချဲလ်ဆီးအသင်းက လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိလာ တော့မှာဖြစ်တဲ့အကြောင်း ကြွေးကြော်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီကြို အပြောင်းအရွှေ့ကာလအတွင်းမှာ နာပိုလီအသင်းကနေ ပေါင် သန်း ၄၀ အသုံးပြုကာ ခေါ်ယူစာချူပ် ချူပ်ဆိုထားခဲ့တဲ့ ကူလီဘာလေဟာ ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာ ရလဒ်တွေ ဆက်တိုက် ဆိုးရွားလာခဲ့ပြီးနောက်မှာတော့ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ သောမက်စ်တူချယ်ရဲ့ လက်အောက်မှာ ပုံမှန်ပွဲထွက် ကစားခွင့် ရနေခဲ့ပေမယ့် ဘရိုက်တန်အသင်းကနေ ခေါ်ယူထားခဲ့တဲ့ နည်းပြ ဂရေဟမ်ပေါ့တာ ကိုင်တွယ်တဲ့ ပထမဆုံးပွဲစဉ်မှာတော့ ပွဲထွက် ကစားရသေးခြင်း မရှိသေးဘဲ နည်းပြ ပေါ့တာ က ကူကူရယ်လာ၊  သီယာဂိုဆေးလ်ဗား နဲ့ အက်ပလီကျူတာ တို့ ၃ယောက်တန်း ခံစစ်ကို အသုံးပြုသွား ခဲ့တာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကို နည်းပြ ပေါ့တာ ရောက်ရှိလာပြီးနောက်ပိုင်း ရလဒ်ပိုင်းတွေ တိုးတက်လာဖို့ ယုံကြည်မှု ရှိနေတဲ့ အကြောင်းကို ကူလီဘာလေက 

“နည်းပြ ပေါ့တာက စိတ်ကူးသစ် အစီအစဉ်သစ်တွေနဲ့ ဒီအသင်းကို ရောက်ရှိ လာ တာပါ။ သူက တကယ့်နည်းပြ အရည်အသွေးရှိတဲ့ နည်းပြစစ်စစ်တစ်ယောက်ပါ။ ဘရိုက်တန်အသင်းနဲ့အတူ ကောင်းမွန်တဲ့ အရည်အသွေးတွေကို ပြသထားနိုင်ခဲ့တဲ့ နည်းပြဖြစ်ပြီး အခုတော့ ချဲလ်ဆီးအသင်းရဲ့ နည်းပြ ဖြစ်လာခဲ့ပါပြီ”

“နည်းပြ ရဲ့ ပထမဆုံးပွဲမှာ ဝင်ရောက် ကစားခွင့်မရတဲ့အပေါ်လား? ဒါကကိစ္စမရှိပါဘူး။ နည်းပြ တစ်ယောက်အနေနဲ့ သူပထမဆုံးပွဲမှာ ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ ကစားသမား တွေနဲ့ပဲ ရလဒ်ကောင်း ဖော်ဆောင်နိုင်ချင်ကြတာက သဘာဝပဲလေဗျာ။ ကျွန်တော် ရာနှုန်းပြည့် ကြံ့ခိုင်မှု အားကောင်းလာတဲ့ အခါပြန်လည် ကစားပေးသွားမှာပါ။ နည်းပြပေါ့တာက ကျွန်တော်တို့အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်”လို့ 

ရှင်းပြ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ 


#ချဲလ်ဆီး #ဂရေဟမ် ပေါ့တာ #ကူလီဘာလေ