ရှေ့သို့
Image

ဆန်ချိုကို မရွေးချယ်ခဲ့တဲ့ အင်္ဂလန်နည်းပြဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့တဲ့ ဖာဒီနန်

4:41 PM, 23 September

မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမားဟာ ဒီရာသီမှာ သူ့ရဲကအကောင်းဆုံး ခြေစွမ်းကို ပြန်လည် ရှာဖွေနိုင်ခဲ့ပြီး ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟတ်လက်အောက်မှာ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဆန်ချိုဟာ နည်းပြဆောက်ဂိတ်ရဲ့ အသင်းမှာ မရှိမဖြစ်ကစားသမား တစ်ယောက်ဖြစ်ခဲ့ပေမယ့် အီတလီကိုရှုံးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၀ မှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ ကစားသမား ၃ ယောက်ထဲက တစ်ယောက်ဖြစ်ခဲ့ပြီးနောက်မှာ အင်္ဂလန်အသင်း လူစာရင်းကနေပါ ချန်လှပ်ခံခဲ့ရပါတယ်။ ယနေ့ညမှာ ကစားမယ့် အီတလီနဲ့နေးရှင်းလိဂ်ပွဲစဉ်မတိုင်မီ ဖာဒီနန်က ဆောက်ဂိတ်အနေနဲ့ သူ့လက်ထက်မှာ အသင်းကို ပြုပြင်ပြောင်းလဲရမှာဖြစ်ပြီး ကမ္ဘာ့ဖလားမတိုင်မီ ဆန်ချိုကို ပြန်လည်ရွေးချယ်ဖို့ လိုအပ်ကြောင်း ဝေဖန်သုံးသပ်ခဲ့ပါတယ်။

ဖာဒီနန်က “ သူ (ဆောက်ဂိတ်) နဖူးပေါ်လက်တင်ပြီး ပိုစဉ်းစားဖို့လိုတယ်၊ အရင်ကအရမ်းကောင်းခဲ့တဲ့ ဆောက်ဂိတ်နဲ့တောင် မတူတော့သလိုပဲ။ သူနဲ့ဂျေဒန်ဆန်ချိုကြားက ပြဿနာကိုလည်း ပြန်စဉ်းစားဖို့လိုတယ်။ တစ်စုံတစ်ခုက ပိတ်ထားသလိုပဲ။ သူ(ဆန်ချို)ကလည်း ပိုပြီးအလုပ်ကြိုးစားရမယ်၊ အခုလူစာရင်းထဲမှာသာ ပြန်အရွေးခံရမယ်ဆိုရင် ဆောက်ဂိတ်အနေနဲ့လည်း ဆန်ချိုကိုစိတ်ဓာတ်ပိုင်း ကောင်းမွန်အောင် ပြုပြင်ပေးရမှာပါ။ ဂျေဒန်တွေးရမှာကတော့ တစ်ခုတည်းပဲ သူငါ့ကိုမဖြစ်မနေ ရွေးကိုရွေးရမယ့် အခြေအနေရောက်ရမယ်ဆိုတဲ့ စိတ်ပဲ။ ဒါပေမယ့် ပေးမကစားတာမျိုးလည်း ဖြစ်နိုင်တယ်။ အခုဆန်ချိုရဲ့ စိတ်ထဲမှာ ငါဘယ်လောက်ကောင်းကောင်း သူငါ့ကိုမရွေးလောက်ဘူးလို့ ထင်နေနိုင်တယ်။ ဒါပေမယ့် အရွေးခံရမယ်ဆိုတဲ့ စိတ်ကတော့ အရေးအကြီးဆုံးပဲ ” ဆိုပြီး ပြောခဲ့ပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ ခြေစွမ်းပြနေတဲ့ ဆန်ချိုကို ချန်လှပ်ပြီး ယူနိုက်တက်မှာ နည်းပြအဲရစ်တန်ဟတ် လက်အောက် နေရာပျောက်နေတဲ့ ဟယ်ရီမက်ဂွာရီကိုတော့ ရွေးချယ်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆန်ချို #တန်ဟတ် #ပရီးမီးယားလိဂ်