ရှေ့သို့
Image

Night out ထွက်ဖို့ပြောတဲ့ ဂရေမီဆောင်းနက်စ်ရဲ့ မှတ်ချက်ကို လက်ခံခဲ့တဲ့ ဂရီးလစ်ရှ်

3:14 PM, 23 September

မန်စီးတီးတောင်ပံကစားသမား ဂျက်ဂရီးလစ်ရှ်ကတော့ လီဗာပူး အသင်းခေါင်းဆောင်ဟောင်း ဂရေမီဆောင်းနက်စ်ရဲ့ သူနဲ့အတူ night out ထွက်ဖို့ ဖိတ်ခေါ်မှုကို လက်ခံခဲ့ပြီး ချွင်းချက်အနေနဲ့ ပေါလ်ပေါ့ဂ်ဘာကိုပါ ခေါ်လာခွင့်ပေးဖို့လိုကြောင်း ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ ဆောင်းနက်စ်က ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း ဂရီးလစ်ရှ်ကို ရည်ရွယ်ကာ ဝေဖန်မှုအများအပြား ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးတစ်ကြိမ်ကတော့ Sportmail ဆောင်းပါးမှာ မန်စီးတီးတောင်ပံကစားသမားအနေနဲ့ ဆိုးရွားတဲ့ မှတ်ချက်တွေနဲ့ နေသားကျဖို့ သင်ယူစရာတွေ လိုအပ်နေသေးတယ်လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ talkSPORT မှာ ဆွေးနွေးရာမှာလည်း ၆၉ နှစ်အရွယ် ဆောင်းနက်စ်က “ ကျွန်တော် ဂျက်(ဂရီးလစ်ရှ်) နဲ့ night out ထွက်ချင်ပါတယ်။ သူနဲ့အတူနေနိုင်ပါ့မလား မသိပေမယ့် သူနဲ့ night out ထွက်ရင်တော့ ပျော်စရာကောင်းမယ်လို့ ထင်ပါတယ် ” ဆိုပြီး ပြောခဲ့ပါတယ်။

ဆောင်းနက်စ်ရဲ့ ဖိတ်ကြားမှုကို ဂရီးလစ်ရှ်က အချိန်မဆွဲပဲ လက်ခံခဲ့ပေမယ့် တစ်ချိန်က ဆောင်းနက်စ်ရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရဖူးတဲ့ ပေါ့ဂ်ဘာကိုပါ ဆွဲထည့်ပြီး ရယ်စရာလုပ်ခဲ့တာ ဖြစ်ပါတယ်။ ရယ်နေတဲ့ အီမိုဂျီနှစ်ခုနဲ့အတူ အင်္ဂလန်လက်ရွေးစင်က talkSPORT ဗီဒီယိုအောင်မှာ “လုပ်လိုက်ရအောင် အပိုတစ်ယောက်အနေနဲ့ ပေါ့ဂ်ဘာကိုပါ ခေါ်ခဲ့လိုက်မယ်”ဆိုပြီး ရေးသားခဲ့ပါတယ်။

ဆောင်းနက်စ်က ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက အက်စတွန်ဗီလာကနေ မန်စီးတီးကို ပေါင်သန်း ၁၀၀ နဲ့ ပြောင်းပြီးကတည်းက ခြေစွမ်းတိုးတက်လာခြင်ဒ မရှိဘူးဆိုပြီးတော့လည်း ဝေဖန်ခဲ့ပါသေးတယ်။ ၂၇ နှစ်အရွယ် ကစားသမားဟာ ဒီရာသီ ပထမဆုံးဂိုးကို ပြီးခဲ့တဲ့ပိတ်ရက်က ဝုဗ်နဲ့ပွဲကမှ စတင်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး မန်စီးတီးကစားသမားအဖြစ် ပထမဆုံးရာသီမှာလည်း လိဂ်ဂိုး ၃ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဆောင်းနက်စ်က ဂရီးလစ်ရှ်ဟာ မြန်မြန်ဆန်ဆန် သင်ယူနိုင်သူ မဟုတ်ဘူးဆိုပြီး ပြောခဲ့ဖူးပါတယ်။ ဘောလုံးလောကမှာ ဆယ်စုနှစ် ၅ ခုစာလောက် ရှိနေခဲ့တဲ့ ဆောင်းနက်က ဂရီးလစ်ရှ်ဖြစ်ဖြစ် ပေါ့ဂ်ဘာဖြစ်ဖြစ် အညှိုးနဲ့ဝေဖန်တာမျိုး မရှိပါဘူးလို့ ပြောခဲ့ပါတယ်။

၂၉ နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာကတော့ ပြီးခဲ့တဲ့နွေရာသီက မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် လက်ရှိစီးရီးအေကလပ် ဂျူဗင်တပ်စ်မှာ ကစားလျက်ရှိပါတယ်။ ဂရီးလစ်ရှ်ကတော့ လက်ရှိမှာ နိုင်ငံပွဲစဉ်တွေ ကစားဖို့အတွက် အင်္ဂလန်အသင်းနဲ့ ပူးပေါင်းလျက်ရှိပြီး အောက်တိုဘာ ၂ ရက်နေ့မှာ ကစားမယ့် မန်ချက်စတာဒါဘီမှာလည်း ပါဝင်ကစားသွားဖွယ် ရှိပါတယ်။

#မန်စီးတီး #ဂရီးလစ်ရှ် #ဆောင်းနက်စ် #ပရီးမီးယားလိဂ်