ရှေ့သို့
Image

အာဆင်နယ်ကို အမြဲတမ်း ချစ်နေမှာပါလို့ ပြောကြားလိုက်တဲ့ အာရွန်ရမ်ဆေး

2:01 PM, 23 September

အာဆင်နယ်စတားဟောင်း အာရွန်ရမ်ဆေးက အသင်းနဲ့စာချုပ်သစ်ကိစ္စအဆင်ပြေပြီးမှာ ပျက်ပြယ်ခဲ့တာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၃၁ နှစ်သားဟာ အူနိုင်းအမ်မရီ လက်အောက်မှာ ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၈ - ၁၉ ရာသီတုန်းက အသင်းနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။

အသင်းအက်ဖ်အေဖလားရယူနိုင်ခဲ့တဲ့ ၃ ကြိမ်မှာ ၂ ကြိမ်ဖြစ်တဲ့ ၂၀၁၄ နဲ့ ၂၀၁၇ ဖိုင်နယ်တွေမှာ အနိုင်ဂိုးသွင်းယူခဲ့တဲ့ ရမ်ဆေးဟာ ၁၁ နှစ်ကြာနေခဲ့တဲ့ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်တယ်လို့ အခိုင်အမာဆိုခဲ့ပါတယ်။ ဒါပေမယ့် ဝေးလ်သားက အာဆင်နယ်ဟာ စာချုပ်သစ် မချုပ်တော့တာကြောင့် အလွတ်နဲ့ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“အားလုံးအဆင်ပြေပါတယ်။ စာချုပ်သစ်ကိစ္စက အဆင်ပြေခဲ့ပါတယ်။ ရက်တော်တော်ကြာငြိမ်သက်သွားခဲ့ပါတယ်။ ကျွန်တော့်အေးဂျင့်ကိုလည်း ဆက်လုပ်ကြရအောင်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အဲ့အချိန်မှာ စာချုပ်သစ်က မရောက်လာခဲ့ပဲ ဘာမှထူးမလာခဲ့ပါဘူး။ အူနိုင်းနဲ့အတူ ခက်ခဲတဲ့လတွေကိုကျော်ဖြတ်ခဲ့ရပါတယ်။ ကျွန်တော် အကောင်းဆုံး ကစားခဲ့နိုင်ခဲ့ပါတယ်။ အဲ့နောက် ဇန်နဝါရီမှာ ဘယ်ကိုသွားရမလဲဆိုတာကို ဆုံးဖြတ်ခဲ့ရပါတယ်။ အာဆင်နယ်ဘက်က ဘာမှမကမ်းလှမ်းတော့တဲ့အနေအထားမှာ ကျွန်တော် ဂျူဗင်တပ်စ်ကိုပြောင်းခဲ့ရပါတယ်။ နည်းပြရောက်လာချိန်မှာ အများကြီးပြောင်းလဲခဲ့ပါတယ်။ ဘာဖြစ်ခဲ့လဲဆိုတာကို ကျွန်တော်နားမလည်နိုင်ဖြစ်ရပါတယ်။ ကျွန်တော် အာဆင်နယ်နဲ့ပတ်သက်ပြီး ဆိုးဝါးတဲ့ဘာခံစားချက်မှမရှိပါဘူး။ကျွန်တော်သူတို့ကို စောင့်ကြည့်နေဆဲဖြစ်ပြီး သူတို့ကောင်းကောင်းလုပ်နိုင်နေတာကို ကျွန်တော် ဝမ်းသာပါတယ်။ ကျွန်တော် အာဆင်နယ်ကို အမြဲတမ်းချစ်နေမှာပါ။ ဘာမှမပြောင်းလဲပါဘူး”လို့ ရမ်ဆေးက ပြောကြားခဲ့ပါတယ်။

တူရင်မှာကစားခဲ့တဲ့ ၃ နှစ်တာကာလအတွင်း ရမ်ဆေးဟာ အခုနွေရာသီမှာ ဂျူဗင်တပ်စ်ကနေ အထုတ်ခံခဲ့ရပါတယ်။ အဲ့နောက် နိုက်စ်အသင်းထံပြောင်းရွှေ့ခဲ့ပြီး တူးလော့စ်နဲ့ပွဲမှာ ပွဲဦးထွက်ဂိုးသွင်းနိုင်ဖို့ ၁ မိနစ်သာ အချိန်ယူခဲ့ရပါတယ်။

#အာဆင်နယ် #ရမ်ဆေး #ပရီးမီးယားလိဂ်