ရှေ့သို့
Image

သြစတြီးယား ကစားသမား၃ယောက်လောက်ကို ကျော်ဖြတ်ပြီး လှပတဲ့ တစ်ကိုယ်တော်သွင်းဂိုးနဲ့ ဦးဆောင်ဂိုးသွင်းယူခဲ့တဲ့ မက်ပီ

9:28 AM, 23 September

ကမ္ဘာ့ဖလား လက်ရှိချန်ပီယံ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား ကိုင်လီယန်မက်ပီက ကြာသပတေးနေ့ ညနေခင်းမှာ ကစားထားခဲ့တဲ့ သြစတြီးယား လက်ရွေးစင်အသင်းကို ၂ - ၀ နဲ့ အနိုင်ရယူနိုင်ခဲ့တဲ့ ပွဲစဉ်တွင် ပထမပိုင်း ပွဲကစားချိန်အတွင်း ဂိုးရရှိဖို့ ရုန်းကန်နေခဲ့ရတဲ့ ပြင်သစ်အသင်းအတွက် တစ်ကိုယ်တော် ထိုးဖောက် ကစားကာ အရေးပါတဲ့ ဦးဆောင်ဂိုး သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဗိုလ်စွဲနိုင်ခြေ ရှိတဲ့ အသင်းတွေထဲက တစ်သင်းအဖြစ် ထပ်မံ ရေပန်းစားနေတဲ့ ပြင်သစ်အသင်းက နည်းပြ ရန်းနက်ကိုင်တွယ် နေတဲ့ သြစတြီးယား လက်ရွေးစင်အသင်း နဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့  ဥရောပ နေရှင်းလိဂ် ပွဲစဉ်အတွင်းမှာ လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ပြီး ပီအက်စ်ဂျီစတား ကိုင်လီယန်မက်ပီနဲ့ အေစီမီလန်တိုက်စစ်ကစားသမား အိုလီဗာဂျီရော့ဒ် တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ပြိုင်ဘက်အသင်းကို ၂ဂိုးပြတ် အနိုင်ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ ပွဲချိန်ရဲ့ ပထမပိုင်း ၄၅မိနစ်အတွင်း ဂိုးရရှိဖို့ရန် ရုန်းကန်နေရပေမယ့် ဒုတိယပိုင်းပွဲချိန် အရောက်မှာတော့ အဓိက တိုက်စစ်ကစားသမား မက်ပီက ကွင်းလယ် ကစားသမား တစ်ဦးရဲ့ ပေးပို့မှုကို ကွင်းဘယ်ဘက်ခြမ်းမှာ လက်ခံရယူပြီး ပြိုင်ဘက် သြစတြီးယား ဂိုးဧရိယာဘက်အတွင်းရှိ နောက်တန်းကစားသမား တွေကို ကျော်ဖြတ်ကာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ တာဖြစ်ပြီး ဒုတိယမြောက် ဦးဆောင်ဂိုးကိုတော့ အေစီမီလန်အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမား ဂျီရော့ဒ်က ညာခြမ်းမှ ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက်သွင်းယူပေးခဲ့တာကြောင့် ပြင်သစ်အသင်းက ပွဲပြီးဆုံးချိန်မှာ ဂိုးခွင့် ပြုပေးခဲ့ရခြင်းမရှိခဲ့ဘဲ ၂ - ၀ ရလဒ်ဖြင့် အနိုင် ၃မှတ် ရယူနိုင်ခဲ့ပါတယ်။

အဆိုပါနိုင်ပွဲအတွင်းမှာ အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ကိုင်လီယန်မက်ပီ က အသက် ၂၃ နှစ်အရွယ်မှာပဲ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၅၈ပွဲ ပါဝင်ကစားကာ ၂၈ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့ပြီ ဖြစ်သလို ပြင်သစ်လက်ရွေးစင်အသင်းရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမား ၁၀ ယောက် ထဲမှာ တစ်ယောက်အပါအဝင်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

#ပြင်သစ် #သြစတြီးယား #နေးရှင်းလိဂ် #မက်ပီ