ရှေ့သို့
Image

ပြင်သစ်အပါအဝင် အသင်းကြီးတွေအားလုံး အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်A ကြာသပတေးညပွဲစဉ်များ

9:08 AM, 23 September

ပြင်သစ်အသင်းကတော့ သြစတြီးယားကို ရှုံးရင် တန်းဆင်းရတော့မယ့် အခြေအနေမှာ သေချာအာရုံစိုက်ကစားခဲ့ပြီး မက်ပီ၊ ဂျီရော့ဒ်တို့ရဲ့ဂိုးတွေနဲ့အတူ အနိုင်ရခဲ့ပါတယ်။

ရန်းနစ်ရဲ့ သြစတြီးယားကတော့ ပြင်သစ်တိုက်စစ်ကို ပထမပိုင်းမှာ အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပြိုဆင်းသွားခဲ့ကာ ၂ဂိုးြပ်တ အရေးနိမ့်ခဲ့ပါတယ်။ ပြင်သစ်အတွက် ဦးဆောင်ဂိုးကို ၅၆မိနစ်မှာ မက်ပီက သြစတြီးယားနောက်ခံလူ ၃ဦးကို ကျော်ဖြတ်ကာ တစ်ကိုယ်တော် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဂျီရော့ဒ်က သိပ်မကြာခင်မှာ ဂရစ်ဇ်မန်းရဲ့ ဖြတ်တင်ဘောကနေ ခေါင်းတိုက်သွင်းယူကာ ပြင်သစ်ရဲ့ အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့သလို အွန်နရီရဲ့ ပြင်သစ်ဂိုးသွင်းအများဆုံးစံချိန်ကိုလည်း လိုက်မီဖို့ ၂ဂိုးသာ လိုအပ်စေခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ်အတွက် ထိုးနှက်ချက်အဖြစ် နောက်ခံလူ ကွန်ဒီနဲ့ ဂိုးသမား မိုင်ဂ်နန်တို့ကို ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရပါတယ်။

ဘယ်လ်ဂျီယံကလည်း ဝေးလ်ကို အိမ်ကွင်းမှာ ဒီဘရိုင်း၊ ဘက်ရူယာယီတို့ရဲ့ ဂိုးတွေနဲ့အတူ အနိုင်ရခဲ့ပါတယ်။ အလားတူ နယ်သာလန်ကလည်း ပိုလန်ကို ဂတ်ပို၊ ဘာ့ဂ်ဗင်းတို့ရဲ့ဂိုးတွေနဲ့အတူ အနိုင်ယူကာ ဇယားထိပ်မှာ ဦးဆောင်သွားနိုင်ခဲ့ပါတယ်။ ခရိုအေးရှားကလည်း ဒိန်းမတ်ကို အနိုင်ယူကာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဇယာထိပ် ဦးဆောင်သွားနိုင်ခဲ့ပါတယ်။

အခြားပွဲစဉ်ရလဒ်များ
----------------------
အုပ်စုC
ကာဇက်စတန် ၂ - ၁ ဘီလာရုဇ်
လစ်သူရေးနီးယား ၁ - ၁ ဖာရိုးကျွန်းစု
တူရကီ ၃ - ၃ လူဇင်ဘတ်
ဆလိုဗက်ကီးယား ၁ - ၂ အဇာဘိုင်ဂျန်

အုပ်စုD
လက်ဗီးယား ၁ - ၂ မော်လ်ဒိုဗာ
လက်ချင်စတိန်း ၁ - ၂ အန်ဒိုရာ

#ပြင်သစ် #သြစတြီးယား #နေးရှင်းလိဂ်