ရှေ့သို့
Image

ဒူးဒဏ်ရာကြောင့် ဆီနီဂေါလက်ရွေးစင်လူစာရင်းမှ နှုတ်ထွက်ခဲ့ပြီ ဖြစ်တဲ့ မန်ဒီ

4:36 PM, 22 September

ပရီမီးယားလိဂ် ပြိုင်ပွဲအတွင်း ချဲလ်ဆီးအသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀၀ ဝန်းကျင် အထိကို အသုံးပြုကာ ကစာသမား ခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပေမယ့် ရလဒ်တွေဆက်တိုက် ဆိုးရွားလာခဲ့မှု နဲ့အတူ ဂိုးစည်းအတွင်းမှာ အမှားအချို့ကို ပြုလုပ်ခဲ့တဲ့ ဆီနီဂေါ ဂိုးသမား မန်ဒီကလည်း ချဲလ်ဆီးပရိတ်သတ်တွေရဲ့ အဓိက ပစ်မှတ်ထား ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။

ယမန်နေ့ညမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ချဲလ်ဆီးအသင်းမှာ ဖိအားတွေ နဲ့ ကြုံတွေ့နေရတဲ့ မန်ဒီအတွက် နောက်ထပ် ထိုးနက်ချက်ဖြစ်လာစေတဲ့ ဒူးဒဏ်ရာ ရရှိခဲ့တာ ကြောင့် မန်ဒီဟာ ချဲလ်ဆီးအသင်းရှိရာ လန်ဒန်မြို့ကို ပြန်လည်ပူးပေါင်းဖို့ ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။

မန်ဒီဟာ ဝက်စ်ဟမ်းအသင်းနဲ့ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အတွင်း ၂ဂိုး - ၁ဂိုး အနိုင်ရရှိခဲ့ပေမယ့် ဒူးဒဏ်ရာ စတင်ရရှိလာခဲ့ ကာ အဆိုပါ အချိန်ကတည်းက ပွဲထွက် ကစားပေးနိုင်ခြင်း မရှိသေးတဲ့ အပြင် အီရန်၊ ဘိုလစ်ဗီးယား အသင်းတို့နဲ့ ကစားမယ့် ဆီနီဂေါအသင်းရဲ့ လက်ရွေးစင်လူစာရင်းမှာ ထည့်သွင်းခြင်း ခံခဲ့ရပေမယ့် ဒူးဒဏ်ရာက သက်သာခြင်း မရှိသေးတာကြောင့် ဆက်လက် ပူးပေါင်းနိုင်ခြင်း မရှိတာ ဖြစ်ပါတယ်။

မန်ဒီအနေဖြင့် ချဲလ်ဆီးအသင်းကို ပြန်လည် ရောက်ရှိလာတဲ့အခါမှာလည်း ဒူးဒဏ်ရာ ကုသမှုတွေ ဆက်လက်ပြုလုပ်သွား ရဖို့ရှိနေပြီး အောက်တိုဘာ ၁ရက်နေ့မှာ ကစားရမယ့် ခရစ္စတယ်ပဲလေ့ အသင်းနဲ့ ပွဲစဉ်အမီ သက်သာ ခဲ့ခြင်း မရှိပါက နည်းပြ ဂရေဟမ် ပေါ်တာအတွက်တော့ အခြား ဂိုးသမား တစ်ဦးဖြစ်တဲ့ ကီပါကိုသာ ထည့်သွင်း အသုံးပြု သွားရဖွယ် ရှိနေတာ လည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ဆီနီဂေါလက်ရွေးစင် ဂိုသမား မန်ဒီကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို ပွဲထွက်ကစားသမား အဖြစ် အသုံးပြုကာ ဥရောပ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလား တို့လို အဓိက ဆုဖလားကြီးတွေကို ရယူထားနိုင်ခဲ့သလို အက်ဖ်အေ ဖလားနဲ့ လိဂ်ဖလားတို့မှာလည်း ဗိုလ်လုပွဲစဉ်တွေ အထိ ရောက်ရှိအောင် စွမ်းဆောင် နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက အဓိက ဂိုးသမား ဖြစ်တဲ့ မန်ဒီရဲ့ ဒူးဒဏ်ရာ အမြန်ဆုံးသက်သာ လာစေဖို့ မျှော်လင့်နေတာ ဖြစ်သလို မန်ဒီက လာမယ့် ၂လ အတွင်းမှာ ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ဆီနီဂေါနိုင်ငံအသင်းနဲ့အတူ သွားရောက်ကာ နံပါတ် ၁ ဂိုးသမား အဖြစ် ကစားရဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #မန်ဒီ #ပရီးမီးယားလိဂ်