ရှေ့သို့
Image

ဒဏ်ရာကြောင့် ပေါ်တူဂီလက်ရွေးစင် လူစာရင်းမှ ချန်လှပ်ခံခဲ့ရတဲ့ ပီပီ

11:15 AM, 22 September

လာမယ့်နိုင်ငံတကာ ပွဲရက်တွေအတွင်းကန်ကြရမယ့် ဥရောပ နေးရှင်းလိဂ်ပွဲစဉ်တွေ အတွက် ပေါ်တူဂီလက်ရွေးစင် အသင်းက ပေါ်တိုအသင်းရဲ့ ဝါရင့်နောက်တန်းကစားသမား တစ်ဦးဖြစ်တဲ့ ပီပီကို ဒဏ်ရာပြဿနာကြောင့် လက်ရွေးစင် လူစာရင်းကနေ ချန်လှပ် ခဲ့လိုက်ပြီပဲ ဖြစ်ပါတယ်။

ပေါ်တူဂီဘောလုံးအဖွဲ့ချူပ် ရဲ့ တာဝန်ရှိသူတွေဟာ လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ပီပီအနေဖြင့် လာရောက်ပူးပေါင်းတော့မှာသာ ဒဏ်ရာ ပြဿနာ ရှိထားတဲ့ အကြောင်း သိခဲ့ရတာ ဖြစ်သလို ဒဏ်ရာ အမျိုးအစားကိုတော့ ဖော်ပြ ထားခဲ့သေးခြင်း မရှိတာလည်း ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ် ဝါရင့်ဗဟိုနောက်ခံကစားသမား ပီပီအနေဖြင့် နောက်ဆုံး ကစားထားခဲ့တဲ့ ပွဲစဉ်ဟာ ကလပ်ဘရုဂျက်စ် အသင်းကို ၄ - ၀ နဲ့ အရေးနိမ့်ခဲ့ရတဲ့  ပေါ်တိုအသင်းရဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဖြစ်ပြီး ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ရွေးချယ် ခံခဲ့ရပြီး ဖြစ်ပေမဲ့ လေ့ကျင့် ရေးကွင်း ကိုရောက်ရှိလာတဲ့ အခါမှ ဆရာဝန်ရဲ့ ဆေးစစ်မှု မှာ ဒဏ်ရာ ပြဿနာ ရှိနေတာကို တွေ့ခဲ့ရတာ ကြောင့် လက်ရွေးစင်လူစာရင်းကနေ ချန်လှပ်လိုက်ပြီ ဖြစ်တဲ့အကြောင်း ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။

အဓိက ဝါရင့်နောက်တန်းလူ ပီပီကို ချန်လှပ်ခဲ့ရတာကြောင့် ပီပီရဲ့ နေရာမှာ အခြားကစားသမား တစ်ဦးကို အစားထိုး ခေါ်ယူသွားမလားဆိုတာတော့ ပေါ်တူဂီဘောလုံးအဖွဲ့ချူပ်ဘက်မှ ထုတ်ပြန်ထာမျိုး မရှိသေးတာလည်း ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်ရဲ့ ဥရောပ နေရှင်းလိဂ် ချန်ပီယံအသင်းဟာ လာမယ့် သီတင်းပတ်အတွင်း နေရှင်းလိဂ် အုပ်စု ပွဲစဉ်တွေ အဖြစ် ချက်ရီပက်ပလစ် အသင်းအပြင် လူစာရင်းစုဖွဲ့မှု အားကောင်းတဲ့ စပိန်အသင်းတို့နဲ့ ယှဉ်ပြိုင် ကစားသွားရဖို့ ရှိနေပြီး နေရှင်းလိဂ် ပြိုင်ပွဲရဲ့ စည်းမျည်း စည်းကမ်းသတ်မှတ် ချက် အရ အုပ်စု တွင်းမှာ ဗိုလ်စွဲအသင်း တစ်သင်းကသာ နောက်ဆုံးလေးသင်းအဆင့် (ဆီးမီးဖိုင်နယ်ဆင့်) ကို တက်လှမ်း သွားနိုင်မှာပဲ ဖြစ်ပါတယ်။

#ပီပီ #ပေါ်တူဂီ #နေးရှင်းလိဂ်