ရှေ့သို့
Image

ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ ရေးပန်စားနေတဲ့ ဆဲလ်ဘတ်အားကစားဒါရိုက်တာ အသင်းပြောင်းရွှေ့ဖွယ်မရှိတော့

4:14 PM, 21 September

ချဲလ်ဆီးအသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ တော့ဒ်ဘိုလီက လက်ရှိအချိန်မှာအသင်းပိုင်ရှင် အဖြစ်သာမက ချဲလ်ဆီးအသင်းရဲ့ အားကစား ဒါရိုက်တာ အဖြစ်ပါ ပူးတွဲဆောင်ရွက်ကာ ကစားသမားခေါ်ယူမှုတွေ ပြလုပ်ခဲ့ပေမဲ့ ချဲလ်ဆီးအသင်းရဲ့ ရလဒ်တွေ ဆိုးရွားလာခဲ့ပြီးနောက် ဝေဖန်မှုဒဏ်ကို ဆက်တိုက်ခံလာခဲ့ရာက ကစားသမား ခေါ်ယူရေးအတွက် အားကစားဒါရိုက်တာ ခန့်အပ်ရန်အတွက် ဆဲလ်ဘတ်အသင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ခရစ္စတိုဖရိုင်းကို ခေါ်ယူဖို့ ကြိုစားခဲ့ပေမယ့် အောင်မြင် ခြင်းမရှိခဲ့တာပဲ ဖြစ်ပါတယ်။

အစောပိုင်းကာလတွေမှာတုန်းက ဆဲလ်ဘတ်အားကစားဒါရိုက်တာ ဖြစ်တဲ့ အသက် ၄၅နှစ်အရွယ် ဖရိုင်းဟာ ချဲလ်ဆီး အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ အမေရိကန်စီးပွားရေလုပ်ငန်း တော့ဒ်ဘိုလီနဲ့ ကြိုတင်သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ဖြစ်တယ်လို့ သတင်းရင်းမြစ် အချို့က ဖော်ပြခဲ့ကြပေမယ့် ဆဲလ်ဘတ် အသင်းကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာပဲ ဖရိုင်းအနေဖြင့် ဆဲလ်ဘတ်အသင်းမှာသာ ဆက်ရှိသွားမှာ ဖြစ်တဲ့ အကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဪစတီးရီးယားလိဂ်ချန်ပီယံ ဆဲလ်ဘတ်အသင်းက ၂၀၁၅ - ၁၆ ခုနှစ်မှာ အားကစားဒါရိုက်တာအဖြစ် စတင်ရောက်ရှိလာတဲ့ ဖရိုင်းရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဆဲလ်ဘတ်အသင်းရဲ့ အထွေထွေမန်နေဂျာ စတက်ဖန် ရီတာက“ဖရိုင်းက ကျွန်တော်တို့နဲ့အတူ ကောင်းမွန်တဲ့ အချိန်ကာလတွေကို ဖြတ်သန်းနိုင်ခဲ့ကြသလို မကြာသေးခင်ကမှ ၂၀၁၆ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချူပ် တစ်ရပ်ကို ချူပ်ဆိုထားခဲ့ပါတယ်” “သူက ဆဲလ်ဘတ်အသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် သာဆက်ရှိနေမှာပါ။ ကျွန်တော်တို့ တွေ့ဆုံစဉ်က ချဲလ်ဆီးအသင်းဘက်ကနေ သူ့အပေါ် စိတ်ဝင်စားနေတာတယ်ဆိုတာကို သူပြောပြခဲ့ပါတယ်။ ကျွန်တော်တို့ ကြားမှာ ကောင်းမွန်တဲ့ ဆွေးနွေးမှု တစ်ရပ်ကို လုပ်ဆောင်နိုင်ခဲ့ပြီးမှာတော့ ဖရိုင်းအနေနဲ့ ဆဲလ်ဘတ်အသင်းမှာသာ အားကစားဒါရိုက်တာ အဖြစ် ဆက်ရှိသွားမှာ ဖြစ်ပြီး သူကိုယ်တိုင်ကလည်း အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုတာမျိုး မပြုလုပ်ခဲ့ပါဘူး”လို့ ရှင်းပြ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ဆဲလ်ဘတ် #ပရီးမီးယားလိဂ် #ဖရိုင်း