ရှေ့သို့
Image

လန်ဒန်ဒါဘီပွဲစဉ်ပြီးနောက် ဂါဘရီရယ် တင်ထားတဲ့ပို့စ်ဟာ ပေါတောတော ဆန်တယ်လို့ တုံ့ပြန်ပြောဆိုလိုက်တဲ့ တိုနေး

2:50 PM, 21 September

ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်အသင်းရဲ့ တိုက်စစ်ကစားသမား အိုင်ဗန်တိုနေးက တနင်္ဂနွေနေ့ညမှာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လိဂ်ပွဲစဉ်တွင် ပြိုင်ဘက်  အာဆင်နယ်အသင်းကို ၃ - ၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဂန်းနားတပ်သားတွေနဲ့ လူမှုကွန်ယက်စာမျက်နှာတွေ အထက်မှာ အပြန်အလှန် ခနဲ့ နေကြတာဟာ ပေါတောတာ ဆန်တာကြောင့် ထပ်ပြီး လုပ်ဆောင်သွားဖို့ ဆန္ဒမရှိတော့တဲ့ အကြောင်း ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းက ဘရန့်ဖို့ဒ်အသင်းကို ၃ - ၀ ဖြင့် အနိုင်ရယူနိုင်ခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်တွင် အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးတွေကို နောက်တန်းကစား ဆာလီဘာ၊ တိုက်စစ်ကစားသမား ဂျီးဆပ်နဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဖေဘီယိုဗီအဲရာ တို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ဘရန့်ဖို့ဒ်အသင်းရဲ့ အိမ်ကွင်းမှာ ၃ဂိုးပြတ်သွင်းယူပြီး အနိုင် ၃မှတ် ပြည့် ရယူနိုင်ခဲ့တာကြောင့် မန်စီးတီး တက်လှမ်းထားတဲ့ ဇယားထိပ်နေရာကို ပြန်လည်တက်ရောက်နိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းက ၂၀၂၁ - ၂၂ ဘော လုံးရာသီ၌ ဘရန့်ဖို့ဒ်အသင်းရဲ့အိမ်ကွင်းမှာ သွားရောက် ကစားစဉ် ၂ - ၀ ရလဒ်ဖြင့် ၂ဂိုးပြတ် အရေးနိမ့်ခဲ့ဖူးပြီး အဆိုပါ ပွဲစဉ်အပြီးမှာ ဘရန့်ဖို့ဒ် အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားဖြစ်သူ အိုင်ဗန်တိုနီက ‘ချာတိတ်လေးတွေ နဲ့ ကစားခဲ့ရတဲ့ ပွဲ’ ဆိုတဲ့ စာသားကို ရေးသားကာ အာဆင်နယ်အသင်းကို စနောက်ကျီစယ် ခဲ့ဖူးတာ ဖြစ်ပြီး ယခုတစ်ကြိမ် ဆုံတွေ့မှု အပြီး အာဆင်နယ်အသင်းက ၃ - ၀ ရလဒ်ဖြင့် ၃ဂိုး ပြတ် အနိုင်ရခဲ့ အပြီးမှာတော့ အာဆင်နယ် နောက်ခံလူ ဂါဘရီရယ်က ပြီးခဲ့တဲ့ နှစ်မှာ တိုနီ ရေးသားခဲ့ဖူးတဲ့ စာသားလေး အတိုင်း ပြန်လည် ရေးသားပို့စ်တင်ဟာ သရော်လှောင်ပြောင်ခဲ့လိုက်တာလည်း ဖြစ်ပါတယ်။

အဆိုပါ အာဆင်နယ် နောက်ခံလူရဲ့ပို့စ်နဲ့ ပတ်သက်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ အတူ ပထမဆုံးအကြိမ် လိုက်ပါ ပူးပေါင်းခွင့်ရထားခဲ့ပြီ ဖြစ်တဲ့ ဘရန့်ဖို့ဒ်တိုက်စစ် ကစားသမား တိုနေးက“ပထမ တစ်ခါ စနောက်လိုက်တာက ဟာသအနေနဲ့ မှတ်ယူလို့ရနိုင်ပေမယ့် နောက်တစ်ကြိမ်ဖြစ်လာပြီဆိုရင် ဒါဟာ ပေါတောတောဆန်တဲ့ လုပ်ရပ်တစ်ခု ဖြစ်သွားပါ လိမ့်မယ်။ ကျွန်တော့်ဘက်ကလည်း ဒါမျိုးတွေ ထပ်မနောက်ချင်တော့ပါဘူး။ သူတို့ အသင်းကစားသွားတာ ကောင်းမွန်မှု ရှိတာကြောင့် နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်”လို့ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း၌ သတင်း ထောက်တစ်ဦးရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေရှင်းပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ 

#အာဆင်နယ် #ဘရန့်ဖို့ဒ် #ဂါဘရီရယ် #ပရီးမီးယားလိဂ် #တိုနေး