ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာခဲ့ရတဲ့အပေါ် နောင်တရနေမိတယ်ဆိုတဲ့ ဂျာမနီနည်းပြ ဟန်စီဖလစ်

12:40 PM, 21 September

ဂျာမနီလက်ရွေးစင်အသင်းနဲ့အတူ လာမယ့် နိုင်ဝင်ဘာလအရောက်မှာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ဟန်စီဖလစ်က ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာလာဖြစ်တဲ့အပေါ် ဘာကြောင့် ထွက်လာမိခဲ့လဲဆိုတာ ပြန်တွေးမိတိုင်း အဖြေ ရှာမတွေ့ခဲ့ဘူးလို့ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ သမိုင်းတစ်လျောက်မှာ ဟန်ဆီဖလစ်က အအောင်မြင်ဆုံး နည်းပြတစ်ယောက် အဖြစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပြီး အားကစားဒါရိုက်တာ ဟာဆန် ဆာလီဟာမစ်ဒ်ဇစ်ကို စကားပြောဆိုဆွေးနွေးခဲ့ရာမှာ အဆင့်မပြေဖြစ်ခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါ အင်အားကြီးအသင်းမှ ထွက်ခွာခဲ့တာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်သလို ၂၀၂၁ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာခဲ့တာဟာ အမှားတစ်ခုကိုလုပ်မိခဲ့တာ ဖြစ်နိုင်ကြောင်း အင်္ဂလန်၊ ဟန်ဂေရီ အသင်းတို့နဲ့ ကစားရမယ့် ဥရောပ နေးရှင်းလိဂ်ပြိုင်ပွဲမတိုင်မီမှာပဲ ဖွင့်ဟ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာ ဖြစ်ခဲ့တဲ့ အပေါ် ဂျာမနီနည်းပြ ဟန်ဆီဖလစ်က“ကွန်တော်က တစ်ပြိုင်တည်း အလုပ် တစ်ခု/ နှစ်ခုလောက်ကို လုပ်နိုင်မယ်လို့ ထင်ထားခဲ့မိတာပါ” “အသင်းတာဝန်ရှိသူတွေနဲ့ စာပွဲဝိုင်းအထက်မှာ ပြုလုပ်ခဲ့ကြတဲ့ ဆွေးနွေးပွဲတွေ ကလည်း သိပ်ကို ကောင်းမွန်ပါတယ်” “ဘိုင်ယန်အသင်းကနေ ထွက်လာဖြစ်ခဲ့တာဟာ ယခုအချိန်မှာ အမှားတစ်ရပ် လုပ်ခဲ့မိသလို ခံစားနေရပြီး ကျွန်တော့အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းအပေါ်မှာ မတရားတာ တွေ လုပ်ခဲ့မိသလို ဖြစ်နေတယ်”လို့ မီဒီယာတစ်ခုနဲ့ တွေ့ဆုံစဉ် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဟန်စီဖလစ်က ဘိုင်ယန်မြူးနစ် အသင်းရဲ့နည်းပြ နီကို ကိုဗက် ထွက်သွားပြီးနောက် ၂၀၁၉ ခုနှစ်မှာ ရောက်ရှိလာခဲ့ပြီး အဆင့် ၄နေရာ ရောက်ရှိနေတဲ့ ဘိုင်ယန်မြူးနစ် အသင်းကို ရာသီကုန်မှာ အမှတ်ပေးချန်ပီယံဖြစ်လာအောင် စွမ်းဆောင် ပေးနိုင်ခဲ့သလို ၆ ကြိမ်မြောက် ချန်ပီယံလိဂ် ဆုဖလားအပါအဝင် ဘိုင်ယန်မြူးနစ် အသင်းအတွက် သမိုင်းဝင်စေမယ့် တစ်ရာသီအတွင်း အဓိက ဖလားသုံးလုံး ရယူနိုင်တဲ့ မှတ်တမ်းကို ရေးထိုးနိုင်ခဲ့တဲ့ ထိပ်တန်းနည်းပြ တစ်ယောက်ပဲ ဖြစ်ပါတယ်။

#ဂျာမနီ #ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ #ဖလစ်ခ်