ရှေ့သို့
Image

၀က်စ်ဟမ်းစတား ဆကာမက်ကာနဲ့ ပတ်သက်ပြီး မက်ဆေ့ချ် ပေးပို့လိုက်တဲ့ မန်ချီနီ

11:42 AM, 21 September

အီတလီ အသင်း နည်းပြ ရောဘတ်တိုမန်ချီနီက ဝက်စ်ဟမ်းစတား ဆကာမက်ကာအနေနဲ့ အင်္ဂလန်မှာ အထိုင်ကျဖို့ လအတော်ကြာ အချိန်ယူရဦးမယ်လို့ ယုံကြည်နေပါတယ်။ ဇူလိုင်လတုန်းက ဝက်စ်ဟမ်းကို ပေါင် ၃၀.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အပိုဆုကြေးတွေနဲ့ ပေါင် ၃၅.၅ သန်းအထိ မြင့်တက်သွားဖွယ် ရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားချိန်နည်းပေမယ့် ဒီရာသီ ဆကာမက်ကာက ထိပ်တန်းဂိုးသွင်းအဖြစ် ပါဝင်နေကာ ၄ ပွဲမှာ ၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။


ပြီးခဲ့တဲ့ရာသီတုန်းက စီးရီးအေမှာ ဆက်ဆူအိုလိုအတွက် ၁၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာကြောင့် ဝက်စ်ဟမ်းက အခုလိုခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဆကာမက်ကာဟာ လက်ရှိမှာ အင်္ဂလန် ၊ ဟန်ဂေရီတို့နဲ့ ကစားမယ့် နေရှင်းလိဂ်ပွဲတွေ အတွက် အီတလီ အသင်းနဲ့ အတူ ပူးပေါင်းနေပါတယ်။ မန်စီးတီး နည်းပြဟောင်း မန်ချီနီက ဆကာမက်ကာအနေနဲ့ ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့ အချိန်ယူရဦးမယ်လို့ ဆိုခဲ့ပါတယ်။ “ဆကာမက်ကာက ခက်ခဲတဲ့လိဂ်ကိုပြောင်းသွားခဲ့တာပါ။


သူ့အနေနဲ့ အင်္ဂလန်မှာ အထိုင်ကျဖို့ အချိန်ယူရလောက်ပါတယ်။ ၄ လ ၊ ၅ လ လောက်အချိန်ယူရနိုင်ပါတယ်”လို့ မန်ချီနီက ပြောကြားခဲ့ပါတယ်။ ဆကာမက်ကာဟာ ပရီးမီးယားလိဂ်မှာ ၅ ပွဲပါဝင်ကစားထားပြီး အဲ့ထဲက ၄ ပွဲကို အရန်ခုံကနေ ပါဝင်ခွင့်ရရှိထားခဲ့ပါတယ်။ ဗီလာကို အနိုင်ရရှိခဲ့တဲ့ တစ်ပွဲတည်းပဲ ပွဲဦးထွက် ပါဝင် ကစားခွင့်ရရှိခဲ့ကာ ၁ - ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

#ဝက်စ်ဟမ်း #မန်ချီနီ #ဆကာမက်ကာ #ပရီးမီးယားလိဂ်