ရှေ့သို့
Image

ဘယ်လင်ဟမ် အပြောင်းအရွှေ့အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ရော့ဘ်ဆင်

9:53 AM, 21 September

ဘယ်လင်ဟမ်တစ်ယောက် ဘာမင်ဂမ်စီးတီးအသင်းမှာ ရှိနေတုန်းက ယူနိုက်တက် အသင်းရဲ့ပစ်မှတ်ဖြစ်ခဲ့ပြီး ရော့ဘ်ဆင်က သူ့ရာထူးနဲ့ အင်္ဂလန်သားကို ဒေါ့မွန်မပြောင်းခင် ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

“ကံမကောင်းစွာနဲ့ သူက ဂျာမနီကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်တို့ ရနိုင်မယ်လို့ ထင်ခဲ့တာပါ။ ကျွန်တော် ဆာအဲလက်စ်၊ ကန်တိုနာတို့ သူ့အမေ၊ အဖေနဲ့ ကာရင်တန်မှာ တွေ့ခဲ့ပါတယ်။ အဲ့တာပြီးတော့ ကျွန်တော်တို့ဆီကို ပြောင်းလာမယ်လို့ ထင်ခဲ့တာပါ။ အခုတော့ လာမယ့်နွေရာသီမှာ အပြောင်းအရွှေ့အကြောင်း ဆက်ပြောရပါမယ်။ လီဗာပူးကလည်း ရေပန်းစားနေပါတယ်။ သူ့ကိုသာရလိုက်ရင် တကယ်ကောင်းတဲ့ခေါ်ယူမှုဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သေချာတာက သူက အင်္ဂလန်အတွက် စတားတစ်ဦးဖြစ်လာနေပါပြီ”လို့ ရော့ဘ်ဆင်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဘယ်လင်ဟမ်ကို မခေါ်ယူနိုင်ခဲ့တာကြောင့် လာမယ့်အပြောင်းအရွှေ့မှာ လီဗာပူး အသင်းနဲ့ အားပြိုင်ရဖွယ်ရှိနေပါတယ်။ ဘယ်လင်ဟမ်ဟာ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာလည်း အကောင်းဆုံး ဆက်လက်စတင်နိုင်ဖို့ မျှော်လင့်နေပြီး အင်္ဂလန်က ဂျာမနီ၊ အီတလီတို့နဲ့ ကစားရမှာဖြစ်ပါတယ်။

#အပြောင်းအရွှေ့ #ဘယ်လင်ဟမ် #ဘာမင်ဂမ် #ဟာရီရက်ရော့ဘ်ဆင်