ရှေ့သို့
Image

ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး နောက်ခံလူ ၂ ဦးနာမည်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ တော့တင်ဟမ်စတား ရိုမဲရိုး

1:43 PM, 20 September

တော့တင်ဟမ်နောက်ခံလူ ရိုမဲရိုးက ယူနိုက်တက်စတား လီဆန်ဒရိုမာတီနက်ဇ်ဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး နောက်ခံလူ ၂ ယောက်ထဲက ၁ ယောက်ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ အာဂျင်တီးနားသား ရိုမဲရိုးဟာ အတ္တလန္တာကနေ တော့တင်ဟမ်ကို ပြောင်းလာပြီးကတည်းက စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတာဖြစ်ပါတယ်။

ရိုမဲရိုးက ဘာစီလိုနာစတားတွေဖြစ်တဲ့ ပူယိုးလ် ၊ ပီကေး နဲ့ မာရှေးယာနိုတို့ကိုကြည့်ပြီး ကြီးပျင်းလာခဲ့တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်သားဟာ လက်ရှိအင်္ဂလန်ရဲ့အကောင်းဆုံးနောက်ခံလူ ၂ ဦးဟာ မာတီနက်ဇ် နဲ့ ဗန်ဒိုက်တို့ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ အေဂျက်စတားဟောင်းကို ပေါင် ၅၇ သန်းအထိ အသုံးပြုပြီးခေါ်ယူခဲ့တာဖြစ်ကာ ပွဲစဉ်တွေတောက်လျှောက်ခြေစွမ်းပြနောတဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ အဖွင့်ပွဲ ၂ ပွဲမှာ ယူနိုက်တက်အရေးနိမ့်ခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပေမယ့် နောက်ပိုင်းအပတ်တွေမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီး ၄ ပွဲဆက်အနိုင်နဲ့အတူ အဆင့် ၅ နေရာအထိ တက်ရောက်လာနိုင်ခဲ့ပါတယ်။ ဗန်ဒိုက်ကတော့ ၂၀၁၈ ကတည်းက ကလော့ပ်ရဲ့အသင်းမှာ ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားရအောင် ကူညီပေးထားနိုင်ခဲ့ပါတယ်။

“ကျွန်တော် ဘာစီလိုနာကို ကြည့်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပူယိုးလ် ၊ ပီကေး နဲ့ မာရှေးယာနိုတို့ကို သဘောကျလို့ပါ။ သူတို့ ၃ ယောက်ကိုကြည့်ရတာ တကယ်သဘောကျပါတယ်။ ပရီးမီးယားလိဂ်မှာဆိုရင် ဗန်ဒိုက်နဲ့ မာတီနက်ဇ်ပါ။ သူတို့က ကျွန်တော့်အတွက် အကောင်းဆုံးနောက်ခံလူတွေပါ”လို့ ရိုမဲရိုးက ပြောကြားခဲ့ပါတယ်။

မာတီနက်ဇ်ရဲ့စွမ်းဆောင်ရည်ကြောင့် ယူနိုက်တက်ပရိသတ်တွေရဲ့အချစ်တော် လျင်လျင်မြန်မြန်ဖြစ်လာခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရိုမဲရိုး #တော့တင်ဟမ် #ပရီးမီးယားလိဂ်