ရှေ့သို့
Image

အာဆင်နယ် ပရိသတ်တွေ စိတ်လှုပ်ရှားရမယ့် အချိန်ရောက်လာပြီလို့ မိုက်ကယ်အိုဝင်ပြောကြား

10:10 AM, 20 September

ယူနိုက်တက်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က အာဆင်နယ်ပရိသတ်တွေအတွက် စိတ်လှုပ်ရှားရမယ့် အချိန်ရောက်လာပြီလို့ ပြောကြားခဲ့ကာ အာတီတာရဲ့အသင်းက ယုံကြည်မှု နဲ့ ရင့်ကျက်မှုအပြည့်ရှိနေပြီလို့ ဆိုလိုက်ပါတယ်။

အာဆင်နယ်ဟာ တနင်္ဂနွေနေ့တုန်းက ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ကို အရေးနိမ့်ပြီးနောက် ချက်ချင်းပြန်လာနိုင်ခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်ရောက်နိုင်ခဲ့ပါတယ်။ အချို့တွေကတော့ အာဆင်နယ်ဟာ ဒီရာသီ ၇ ပွဲမှာ ၆ ပွဲအထိ အနိုင်ရရှိထားတာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်မယ်လို့ ယူဆနေကြပါတယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ တိုးတက်လာမှုက သံသယဖြစ်စရာမလိုပဲ ဇင်ချန်ကို နဲ့ ဂျီးဆပ်စ်တို့ရောက်လာမှုနဲ့အတူ တိုးတက်လာခဲ့တာဖြစ်ပါတယ်။

အိုဝင်က ခက်ခဲတဲ့နှစ်တွေကို အာဆင်နယ်ဖြတ်သန်းနိုင်ခဲ့ပြီးနောက် ပရိသတ်တွေ စိတ်လှုပ်ရှားရမယ့်အချိန်ရောက်ပြီလို့ ဆိုခဲ့ပါတယ်။

“ပြီးခဲ့တဲ့နှစ်အနည်းငယ်က သူတို့ဟာ ပျော့ညံ့သူတွေလို့ စွပ်စွဲခဲ့တာ ကျွန်တော်ပထမဆုံးပါ။ သူတို့ အဲ့တုန်းက တကယ်အဲ့လိုဖြစ်ခဲ့တာပါ။ ဒါပေမယ့် အခုတော့ လူငယ်တွေနဲ့ ရင့်ကျက်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ရာသီက စွမ်းဆောင်ရည်နဲ့ယှဉ်မယ်ဆိုရင် အခုက နောက်တဆင့်ကိုရောက်လာခဲ့ပါပြီ။ ပွဲတွေကစားပြီးသွားချိန်မှာ သူတို့က ရေပန်းစားလာခဲ့ပါပြီ။ ပထမဆုံး ၅ ပွဲဆက်အနိုင်ရရှိခဲ့ပြီး ယူနိုက်တက်နဲ့ ၁ ပွဲပဲ အစမ်းသပ်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ကျရှုံးမသွားပဲ ပြန်လာနိုင်ခဲ့ပါတယ်။ အဲ့တာက အရေးကြီးနိုင်ပွဲပါ။ သူတို့လုပ်နိုင်ခဲံပါတယ။် အခုဆို သူတို့ အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်ရောက်သွားပါပြီ။ ရှေ့မှာ ကြီးမားတဲ့စမ်းသပ်မှုတွေလာဦးမှာပါ။ ဒါပေမယ့် သူတို့က အကောင်းဆုံးစတင်နိုင်ခဲ့ပြီဖြစ်သလို ယုံကြည်မှုလည်းပိုကောင်းလာကာ ရင့်ကျက်လာပါပြီ။ ကျွန်တော်သာ အာဆင်နယ် ပရိသတ်တစ်ဦးဆိုရင် နှစ်အတော်ကြာပြီးနောက် စိတ်လှုပ်ရှားရမယ့်အချိန်ကို ရောက်လာပါပြီလို့ ဆိုချင်ပါတယ်”လို့ အိုဝင်က  ပြောကြားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #မိုက်ကယ်အိုဝင် #ပရီးမီးယားလိဂ်