ရှေ့သို့
Image

ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ပွဲအပြီး ပြိုင်ဘက်တိုက်စစ်ကစားသမား တိုနေးကို သရော်လှောင်ပြောင်စာ ရေးလိုက်တဲ့ ဂါဘရီရယ်

3:37 PM, 19 September

ပရီမီးယားလိဂ် ပွဲစဉ် (၈)အဖြစ် ဘရန့်ဖို့ဒ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ ကစားခဲ့ကြတဲ့ လန်ဒန်ဒါဘီပွဲစဉ်တွင် ဇယားထိပ်နေရာကို မန်စီးတီးအသင်းအား ယာယီလွှဲပြောင်းပေးအပ်ထားခဲ့တဲ့ အာဆင်နယ်အသင်းက ဘရန့်ဖို့ဒ်အသင်းကို တိုက်စစ် ကစားသမားတွေရဲ့ အစွမ်းကို ပြကာ ၃ဂိုး ပြတ်အနိုင် ရယူနိုင်ခဲ့တဲ့ ပွဲစဉ်အပြီး ပွဲချိန်အတွင်း အဓိက ခြေစွမ်းပြ ကစားကာ အာဆင်နယ်အသင်းဘက်ကို ပြိုင်ဘက်အသင်းက သွင်းဂိုး ရယူနိုင်ခြင်း မရှိအောင် ခြေစွမ်းပြ ကစားထားနိုင်ခဲ့တဲ့ အဓိက နောက်တန်းကစားသမား တစ်ဦးဖြစ်တဲ့ ဂါဘရီယယ် မာဂယ်ဟေးစ်က ဘရန့်ဖို့ဒ် အသင်းရဲ့ တိုက်စစ်ကစားသမား တိုနေးကို လှောင်ပြောင်တဲ့ သဘောအဖြစ် တွစ်တာ စာမျက်နာအထက်မှာ ရေးသား တင်ထားခဲ့တာ ပဲ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းက ၂၀၂၁ - ၂၂ ဘော လုံးရာသီ၌ ဘရန့်ဖို့ဒ်အသင်းရဲ့အိမ်ကွင်းမှာ သွားရောက် ကစားစဉ် ၂ - ၀ ရလဒ်ဖြင့် ၂ဂိုးပြတ် အရေးနိမ့်ခဲ့ဖူးပြီး အဆိုပါ ပွဲစဉ်အပြီးမှာ ဘရန့်ဖို့ဒ် အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ဖြစ်သူ အိုင်ဗန်တိုနေးက ‘ချာတိတ်လေးတွေ နဲ့ ကစားခဲ့ရတဲ့ ပွဲ’ ဆိုတဲ့ စာသားကို ရေးသားကာ အာဆင်နယ်အသင်းကို စနောက်ကျီစယ် ခဲ့ဖူးတာ ဖြစ်ပြီး ယခုတစ်ကြိမ် ဆုံတွေ့မှု အပြီး အာဆင်နယ်အသင်းက ၃ - ၀ ရလဒ်ဖြင့် ၃ဂိုး ပြတ် အနိုင်ရခဲ့ အပြီးမှာတော့ အာဆင်နယ် နောက်ခံလူ ဂါဘရီရယ်က ပြီးခဲ့တဲ့ နှစ်မှာ တိုနေး ရေးသားခဲ့ဖူးတဲ့ စာသားလေး အတိုင်း ပြန်လည် ရေးသားပို့စ်တင်ဟာ သရော်လှောင် ပြောင်လိုက်တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းက ဘရန့်ဖို့ဒ်အသင်းကို ၃ - ၀ ဖြင့် အနိုင်ရယူနိုင်ခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်တွင် အာဆင်နယ်အသင်း အတွက် အနိုင်ဂိုးတွေကို နောက်တန်းကစား ဆာလီဘာ၊ တိုက်စစ်ကစားသမား ဂျီးဆပ် နဲ့ ကွင်းလယ်ကစားသမား တစ်ဦးဖြစ်တဲ့ ဖေဘီယိုဗီအဲရာ တို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ဘရန့်ဖို့ဒ်အသင်းရဲ့ အိမ်ကွင်းမှာ ၃ဂိုးပြတ်သွင်းယူပြီး အနိုင် ၃မှတ် ပြည့် ရယူနိုင်ခဲ့တာကြောင့် မန်စီးတီးအသင်း ယာယီ တက်လှမ်းထားတဲ့ ဇယားထိပ်နေရာကို ပြန်လည် တက်ရောက် နိုင်ခဲ့ပါတယ်။  

#အာဆင်နယ် #ဘရန့်ဖို့ဒ် #ဂါဘရီရယ် #ပရီးမီးယားလိဂ် #တိုနေး