ရှေ့သို့
Image

ဘုန်းမောက်နဲ့ပွဲမှာ မက်ဆီမင်လို ကစားသမားမျိုး လိုအပ်တယ်လို့ အက်ဒီဟိုဝီ ပြောကြား

1:54 PM, 19 September

နယူးကာဆယ် အသင်း နည်းပြ အက်ဒီဟိုဝီက ဘုန်းမောက်ကို သရေကျခဲ့တဲ့ပွဲအပြီးမှာ မက်ဆီမင်လို မှော်ဆန်တဲ့ ကစားသမားမျိုး လိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဟိုဝီက အီဆက်ရဲ့ ချေပဂိုးကြောင့် သရေတစ်မှတ်ရခဲ့ပေမယ့် တိုက်စစ်မှာ ထိုးဖောက်နိုင်မယ့်သူမျိုး လိုအပ်ခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။


စိန့်မက်ဆီမင်ကတော့ ပြီးခဲ့တဲ့လတုန်းက ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပြင်သစ်သားဟာ အသင်းအတွက် ဘယ်လောက်အရေးပါလဲဆိုတာကို ထောက်ပြခဲ့ပါတယ်။“ဒီနေ့ပွဲမျိုးမှာ မက်ဆီမင်လို ကစားသမားမျိုး လိုအပ်နေတယ် ဆိုတာကို အတိုင်းသား မြင်နေရပါတယ်။ ဒီလို ခက်ခဲတဲ့ ပြိုင်ဘက်မျိုးနဲ့ ကစားမယ်ဆိုရင် တံခါး တစ်ခုကို ဖွင့်နိုင်တဲ့ မှော်ဆန်တဲ့ သူမျိုး လိုအပ်ပါတယ်။ 


မက်ဆီမင်က တကယ့် ထိပ်တန်း ကစားသမားပါ။ သူပါလာရင် ဒီလိုပွဲမျိုးကို ကျွန်တော်တို့ အနိုင်ရရှိနိုင်ပါတယ်။ သူက အသင်းအတွက် အများကြီး အထောက်အကူ ဖြစ်တဲ့ ကစားသမားပါ။ ပရီးမီးယားလိဂ်မှာ သူ့လို ကစားသမားမျိုးက ရှားပါတယ်။ သူက တကယ့်ကို စမတ်ကျတဲ့ ကစားသမားပါ”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။


နယူးကာဆယ်ဟာ ထရစ်ပီယာ ၊ ဂျိုးလင်တန်တို့ အခွင့်အရေး ရခဲ့ပေမယ့် တိုင်ထိခဲ့လို ဘုန်းမောက်ဂိုးသမား နီတိုကလည်း ဖရေဆာရဲ့ကန်ချက် ၂ ကြိမ်ကို လက်စွမ်းပြ ကာကွယ်ခဲ့တာ ဖြစ်ပါတယ်။ ဂယ်ရီအိုနေးလ်ရဲ့ အသင်းဟာ ဘေးလင်းရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အီဆက်က ပင်နယ်တီကနေ ချေပဂိုး ပြန်သွင်း ယူပေးခဲ့ပါတယ်။ အန်ဖီးလ်မှာ ၉ ဂိုးပြတ် အရေးနိမ့်ပြီးကတည်းက အိုနေးလ်ရဲ့ အသင်းဟာ ၃ ပွဲဆက် မရှုံးနိမ့်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

#နယူးကာဆယ် #ဘုန်းမောက်လ် #ဟိုဝီ #မက်ဆီမင် #ပရီးမီးယားလိဂ်