ရှေ့သို့
Image

ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဗင်နီစီးယက်စ်လို အောင်ပွဲခံပြီး ဂုဏ်ပြုခဲ့တဲ့ ဂျီးဆပ်စ်

1:45 PM, 19 September

အာဆင်နယ် အသင်းဟာ မန်စီးတီးနဲ့ တော့တင်ဟမ်တို့ အနိုင်ရရှိပြီးနောက် တနင်္ဂနွေနေ့မှာ ဘရန့်ဖို့ဒ်ကို အနိုင်ရရှိပြီး အမှတ်ပေးဇယား ထိပ်ပိုင်းကို ပြန်လည် တက်ရောက်လာနိုင်ခဲ့ပါတယ်။ ဆာလီဘာတစ်ယောက် ပြီးခဲ့ဲတဲ့ ၃ ရာသီကို အငှားထွက် ကစားခဲ့ရပြီးနောက် အာဆင်နယ်ကို ပြန်ရောက်လာချိန်မှာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ခေါင်းတိုက်ပြီး ဒီရာသီ အသင်းအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အာဆင်နယ်ဟာ ဘရန့်ဖို့ဒ်ကို ဆာလီဘာ ၊ ဗီအဲရာ ၊ ဂျီးဆပ်စ်တို့ရဲ့သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ လန်ဒန်ဒါဘီပွဲအဖြစ် တော့တင်ဟမ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပထမပိုင်းမပြီးခင် အာဆင်နယ်ဟာ ခေါင်းတိုက်ပြီး ၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ ဆာလီဘာက ထောင့်ကန်ဘောကနေ ခေါင်းတိုက်ခဲ့ပြီး သွင်းယူခဲ့ကာ နောက်တစ်ဂိုးကို ဂျီးဆပ်စ်က ဇာခါရဲ့ပေးပို့မှုကနေ သွင်းယူပေးခဲ့ပါတယ်။

ဘရာဇီးသားဟာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ရီးရဲလ်စတား ဗင်နီစီးယက်စ်ရဲ့ အောင်ပွဲခံပုံ အမှတ်အသားနဲ့ အောင်ပွဲခံခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ် ကွင်းလယ် ကစားသမားသစ် ဗီအဲရာကလည်း အဝေးကန်ချက်နဲ့ ပွဲဦးထွက်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Player ratings

===========

ဘရန့်ဖို့ဒ်  -  ရေယာ (၇) ၊ အာဂျာ (၅) ၊ ဘန်မီးလ် (၆) ၊ ဟစ်ကေး (၆) ၊ ဂျန်ဆင် (၆)  ၊ ဂျန်လက် (၆) ၊ ဒါဆေးလ်ဗား (၅) ၊ ဟင်နရီ (၅)  ၊ အမ်ဗွီမူ (၅) ၊ တိုနေး (၆)

အာဆင်နယ် -  ရမ်စ်ဒေးလ် (၇) ၊ ဘင်ဝှိုက် (၆) ၊ ဆာလီဘာ (၈) ၊ ဂါဘရီရယ် (၇) ၊ တီယာနေး (၆) ၊ ပါတေး (၇) ၊ ဇာခါ (၈) ၊ ဗီအဲရာ (၈) ၊ ဆာကာ (၇) ၊ မာတီနယ်လီ (၆) ၊ ဂျီးဆပ်စ် (၇)

#အာဆင်နယ် #ဗီအဲရာ #ဂျီးဆပ် #ဗင်နီစီးယက်စ် #ပရီးမီးယားလိဂ်