ရှေ့သို့
Image

အသင်းက ထုတ်ပယ်ဖို့ ပြောဆိုသံတွေကို သဘောကျနေတဲ့ ဂျူဗင်တပ်နည်းပြအယ်လီဂရီ

3:00 PM, 18 September

ဂျူဗင်တပ်အသင်း ရာသီအစမှာ ရလဒ်ပိုင်း မကောင်းမှုတွေကြောင့် ပရိတ်သတ်တွေအနေနဲ့ နည်းပြ အယ်လီဂရီကို ထုတ်ပယ်ဖို့ ပြောဆိုနေကြတာတွေကို သဘောကျမိပါတယ်လို့ အယ်လီဂရီက ဆိုလိုက်ပါတယ်။  "အယ်လီဂရီကို ပြန်လည်ထုတ်ပယ်ဖို့ ပြောဆိုနေကြသံတွေကို ကြားရတာ ကျွန်တော် ပျော်ရွှင်မိပါတယ်။ ကျွန်တော် အဲ့ဒီ အသံတွေကို လွမ်းနေတာပါ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒါကို ကျွန်တော် သဘောကျပါတယ်"လို့ အယ်လီဂရီက တနင်္ဂနွေနေ့ မွန်ဇာအသင်းနဲ့ မကစားခင်ပွဲမှာ ပြောကြားခဲ့ပါတယ်။ 


"လူတိုင်းအမှားပြုလုပ်ကြပါတယ်။ ကျွန်တော်လည်း ရာသီအစတုန်းက အခြားသူတွေထက် ပိုမှားခဲ့ပါတယ်။ အခု ကျွန်တော်တို့ ရှင်းလင်းပြတ်သားဖို့ လိုပါတယ်။ "လို့ ဆိုပါတယ်။ အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ များနေပြီး ဂျူဗင်တပ် အသင်းဟာ စီးရီးအေမှာ အဆင့် ၈ နဲ့ ချန်ပီယံလိဂ်မှာလည်း အဖွင့်ပွဲစဉ် ၂ ပွဲလုံးရှုံးနိမ့်ထားပါတယ်။ "အခုလို ရလဒ်တွေကြောင့် ကျွန်တော်တို့ရဲ့ အလုပ်အပေါ် ဝေဖန်တာက ပုံမှန်ပါပဲ။ ဒါပေမယ့်ကျွန်တော်က အေးဆေးပါပဲ။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု ရှိပါတယ်။ "လို့ အယ်လီဂရီက ပြောခဲ့ပါတယ်။ 


အယ်လီဂရီဟာ ဂျူဗင်တပ်အသင်းကို ၂၀၁၅ မှ ၂၀၁၉ အတွင်း စီးရီးအေ ဖလား ၅ ကြိမ်ရအောင် စွမ်းဆောင်ပေးခဲ့ပြီး ချန်ပီယံလိဂ် မှာ ဒုတိယ နှစ်ကြိမ် ရရှိခဲ့ပါတယ်။ အသက် ၅၅ နှစ်အရွယ် အယ်လီဂရီဟာ ဂျူဗင်တပ်အသင်းက နေ၂၀၁၉ ခုနှစ်မှာ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဂျူဗင်တပ် အသင်းဟာ ၂၀၁၉ ခုနှစ်မှာ ချန်ပီယံလိဂ်ကို စောစီးစွာ ထွက်ခွာခဲ့ရတာကြောင့် အသင်းရဲ့ နည်းပြကို ထုတ်ပယ်ခဲ့တာပါ။ 


ထို့နောက် ဂျူဗင်တပ် အသင်းဟာ နည်းပြ ဆာရီ နဲ့ ပီယာလို လက်အောက်မှာ ၂ ရာသီ ကစားခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ အယ်လီဂရီက ပြန်လည်ကိုင်တွယ်ခဲ့ပါတယ်။ ယခုတပတ် ဂျူဗင်တပ်နဲ့ ကစားရမယ့် အသင်းမွန်ဇာကတော့ စီးရီးအေ ၆ ပွဲကစားပြီး တစ်မှတ်သာ ရရှိထားကာ နည်းပြ ဂျီရိုဗင်နီ စရိုပါကိုလည်း ထုတ်ပယ်ထားခဲ့ပါတယ်။ 

#စီးရီးအေ #ဂျူဗင်တပ်စ် #အယ်လီဂရီ