ရှေ့သို့
Image

နည်းပြ ရော်ဂျာနေရာ အစာထိုးဖို့ ဘရန့်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့်ခ် ကို ချိန်ရွယ်လာတဲ့ လက်စတာ

2:13 PM, 18 September

ထိုင်းနိုင်ငံ အခြေစိုက် ကင်းပါဝါ လုပ်ငန်းစုရဲ့ ဝယ်ယူခြင်း ခံခဲ့ရပြီးနောက် တစ်ရှိန်ထိုး ခြေစွမ်းကောင်းတွေ ပြသကာ နည်းပြ ရာနေရာရီ ရဲ့ ကိုင်တွယ်မှု နဲ့အတူ ပရီမီးယားလိဂ် ချန်ပီယံဆုကိုပါ ကိုင်မြှောက်ထားနိုင်ခဲ့တဲ့ လက်စတာအသင်းဟာ ကစားသမား အစုအဖွဲ့နဲ့ နည်းပြအကြား သဘောထားကွဲလွဲမှုတွေ ရှိလာပြီးနောက် နည်းပြ အဖြစ် အတွေ့အကြုံရင့် နည်းပြ ဘရန်ဒန်ရော်ဂျာကို ခန့်အပ်ခဲ့တာ ဖြစ်ပြီး ယခုနှစ် ပရီမီးယားလိဂ် ပြိုင်ပွဲအတွင်းမှာ ရလဒ်တွေ ဆက်တိုက် ဆိုးရွားလာတာကြောင့် လက်စတာအသင်းရဲ့ တာဝန်ရှိသူဟာ နည်းပြရော်ဂျာကို ထုတ်ပယ်ပြီး ဘရန့်ဖို့ဒ်အသင်းနဲ့ အတူ ခိုင်မာတဲ့ ကစားဟန်တစ်ခုကို ပုံဖော်ထားနိုင်ခဲ့တဲ့ နည်းပြ သောမက်စ်ဖရန့်ခ်ကို ခေါ်ယူခန့်အပ် သွားဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။


လက်စတာ စီးတီး အသင်းက ပြီးခဲ့စနေညမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၇) အဖြစ် ကစားခဲ့ကြတဲ့ ပွဲစဉ်မှာလည်း တော့တင်ဟမ် တိုက်စစ် ကစားသမား ဆွန်ဟောင်မင် ရဲ့ ခြေစွမ်းပြ သွင်းဂိုးတွေနဲ့အတူ ၆ဂိုး - ၂ဂိုး ဖြင့် အပြတ်အသတ် အရေးနိမ့် ခဲ့ပြန်တာကြောင့် နည်းပြ ရော်ဂျာအတွက်တော့ ဖိအားပိုမို ဝင်ရောက်နေစခဲ့တာ ဖြစ်ပါတယ်။


လက်စတာစီးတီးအသင်းက နည်းပြ ရော်ဂျာကို ၂၀၁၉ ခုနှစ်မှာ ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိစေတဲ့ စာချူပ် တစ်ရပ်ကို ချူပ်ဆိုထားခဲ့တာ ဖြစ်ပြီး ၃နှစ် ဝန်းကျင် ကျန်ရှိနေသေးတာကြောင့် ရော်ဂျာကို ထုတ်ပယ်မယ်ဆိုပါက နစ်နာကြေး ပေါင် ၁၀ သန်း ခန့်အထိကို ပေးချေ သွားရဖို့ လည်း ရှိနေပါတယ်။


တော့တင်ဟမ် အသင်းကို ဂိုးပြတ် အရေးနိမ့်ခဲ့ရပြီးနောက် လက်စတာ စီးတီး အသင်းရဲ့ နည်းပြ ဖြစ်သူ ရော်ဂျာက“တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်က ဘယ်လို လာမလဲဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့ ဘယ်လို ဆုံးဖြတ်ချက်မျိုးပဲ ဖြစ်ဖြစ် ကျွန်တော့ဘက်ကတော့ လက်ခံသွားဖို့ အသင့်ရှိနေပါတယ်” လို့ လက်စတာ စီးတီး အသင်းမှာ ဆက်ရှိနိုင်ဖို့ မသေချာတဲ့ သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ 

#လက်စတာ #ရော်ဂျာ #သောမတ်စ်ဖရန့် #ပရီးမီးယားလိဂ်