ရှေ့သို့
Image

လာမယ့်နွေရာသီမှာ ဘယ်လင်ဂမ်ကို ခေါ်ယူနိုင်ဖို့ တစ်ပြေးနေတဲ့ လီဗာပူး

1:20 PM, 16 September

သတင်းတွေအရ လီဗာပူးအသင်းဟာ လာမယ့်နွေရာသီမှာ ဒေါ့မွန်စတား ဘယ်လင်ဂမ်ကို ခေါ်ယူနိုင်ဖို့ တစ်ပြေးနေကြောင်း သိရပါတယ်။

စပေါ့တ်မေးလ်သတင်းဌာနကတော့ လီဗာပူးဟာ အင်္ဂလန်သားကို လာမယ့်နွေရာသီရဲ့အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လင်ဟမ်ကို ခေါ်ယူရေးက အခြားပြိုင်ဘက်အသင်းတွေနဲ့ အားပြိုင်ရဖွယ်ရှိနေပြီး ယူနိုက်တက် ၊ စီးတီးအပြင် အခြားအသင်းတွေကလည်း အလိုရှိနေကြပါတယ်။

အသက် ၁၉ နှစ်သားဟာ ဥရောပရဲ့အထွန်းတောက်ဆုံးလူငယ်တွေထဲကတစ်ဦးဖြစ်ပြီး ဗုဒ္ဓဟူးညက စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဘယ်လင်ဂမ်တစ်ယောက် လွန်ခဲ့တဲ့ ၂ နှစ်က ဘာမင်ဟမ်ကနေ ဒေါ့မွန်ကို ပြောင်းရွှေ့ပြီးနောက် ခြေစွမ်းတွေ တိုးတက်လာခဲ့တာဖြစ်ပါတယ်။

ကလော့ပ်ကိုယ်တိုင်ကလည်း သူဟာ အင်္ဂလန်သားရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်တယ်လို့ ဝန်ခံပြောကြားထားပြီး ဒေါ့မွန်ကတော့ ဟာလန်းကိုရောင်းချထားခဲ့တာကြောင့် ဘယ်လင်ဟမ်ကို ဆက်ထိန်းချင်နေပါတယ်။ ဒါပေမယ့် လာမယ့် ၂၀၂၃ မှာတော့ ဒေါ့မွန်အနေနဲ့ အင်္ဂလန်သားကို ရောင်းချနိုင်တယ်လို့ ယုံကြည်ရတာဖြစ်ပါတယ်။
လီဗာပူးဟာ ကွင်းလယ်ပိုင်းအတွက် အပြောင်းအရွှေ့နောက်ဆုံးရက်တုန်းက ဂျူဗင်တပ်စ်ထံကနေ အာသာကို အငှားနဲ့ ခေါ်ယူထားခဲ့ပေမယ့် ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေဆဲဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းကောင်းတွေဆက်တိုက်ပြသနေပြီး ချန်ပီယံလိဂ် ၂ ပွဲမှာလည်း ၂ ဂိုးသွင်းယူထားပါတယ်။

တန်ကြေးကတော့ အတိအကျမသိရသေးပေမယ့် ဒေါ့မွန်ဘက်က မြင့်မားတဲ့တန်ကြေးမျိုးရမှသာ ရောင်းချဖွယ်ရှိနေပါတယ်။ အသက် ၁၉ နှစ်သားဟာ လာမယ့်ကာတာကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားသွားနိုင်ဖွယ်ရှိနေကာ တကယ်လို့ခြေစွမ်းပြနိုင်ခဲ့ရင် တန်ကြေးက ပိုမြင့်လာဖွယ်ရှိနေပါတယ်။ စီးတီးနဲ့ပွဲအပြီးမှာ ဘယ်လင်ဟမ်က အနာဂတ်နဲ့ ပတ်သက်ပြီး ရေရေရာရာမသိသေးဘူးလို့ ဝန်ခံပြောကြားခဲ့ကာ လက်ရှိအသင်းကို မလေးစားသလိုဖြစ်မှာ အလိုမရှိကြောင်းပြောကြားခဲ့ပါတယ်။

“အသင်းက ကျွန်တော့်ကိုအများကြီးမီခိုနေတာပါ။ ကျွန်တော်စရောက်ကတည်းက သူတို့ဝမ်းပန်းတသာကြိုဆိုကြပါတယ်။ အခုချိန်မှာ အနာဂတ်အကြောင်းပြောရင် မလေးစားသလိုဖြစ်နေမှာပါ”လို့ ဘယ်လင်ဂမ်က ပြောကြားခဲ့ပါတယ်။

#လီဗာပူး #အပြောင်းအရွှေ့ #ကလော့ပ် #ဘယ်လင်ဂမ်