ရှေ့သို့
Image

ဘင်ဖီကာကို ရှုံးနိမ့်ခဲ့ပေမယ့် ရာထူးကနေ ထုတ်ပယ်ခံရမှာကို မစိုးရိမ်ပါဘူးဆိုတဲ့ အယ်လီဂရီ

4:09 PM, 15 September

ဂျူဗင်တပ်စ်နည်းပြ မက်ဆီမီလီယာနိုအယ်လီဂရီက သူ့အသင်းဟာ ဗုဒ္ဓဟူးနေ့တုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘင်ဖီကာကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ရာထူးကနေ ထုတ်ပယ်ခံရဖို့ကို စိုးရိမ်ခြင်းမရှိပါဘူးလို့ ဝန်ခံခဲ့ပါတယ်။ စီးရီးအေကလပ်ဟာ ပွဲအစပိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး တိုက်စစ်မှူး မီလစ်ရဲ့ဂိုးနဲ့ပါ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းပြီးခါနီးမှာ ပင်နယ်တီပေးလိုက်ရပြီး ဂျာအိုမာရီယိုက ဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စလို့ ၁၀ မိနစ်အကြာမှာတင် ဒေးဗစ်နီရက်စ်က အနိုင်ဂိုးကို ထပ်မံသွင်းယူသွားခဲ့ပြန်ပါတယ်။

ဒါဂျူဗင်တပ်စ်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် အုပ်စုတွင်းပြိုင်ဘက် ပီအက်စ်ဂျီ၊ ဘင်ဖီကာတို့နဲ့ ၆ မှတ်ထိ ပြတ်သွားခဲ့ပေမယ့် နည်းပြအယ်လီဂရီကတော့ အသင်းရဲ့ဘုတ်အဖွဲ့ဟာ သူ့ဘက်မှာရှိနေသေးတယ်လို့ ယုံကြည်နေပါတယ်။ နည်းပြနေရာနဲ့ ပက်သက်လို့ သက်သောင့်သက်သာရှိနေပေမယ့် အယ်လီဂရီ့အပေါ်မှာ ဖိအားတွေကတော့ ရှိလာခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဒါရိုက်တာ မော်ရီဇီယိုအာရီဗာဘင်းကိုယ်တိုင် ဒေါသထွက်နေတဲ့ ပရိသတ်တွေကို တောင်းပန်ခဲ့ရပြီး ဘင်ဖီကာကိုသာ မနိုင်ခဲ့ရင် အယ်လီဂရီကို ထုတ်ပယ်ပေးဖို့ ပရိသတ်တွေကို အာရီဗာဘင်းကို တောင်းဆိုခဲ့ပါသေးတယ်။ ဒါကို အာရီဗာဘင်းက “ ဒါဆိုရင် နောက်ရောက်လာမယ့် နည်းပြအတွက် ကုန်ကျစရိတ်တွေကို မင်းတို့ ပေးမှာလား ” လို့ ပြန်မေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒါရိုက်တာဖြစ်သူရဲ့ မှတ်ချက်အရတော့ အယ်လီဂရီကို စာချုပ်ထဲကအတိုင်း ၂၀၂၅ အထိ အသင်းကို တာဝန်ယူခွင့်ပေးသွားဖွယ် ရှိပါတယ်။ ဆိုလိုတာကတော့ အယ်လီဂရီကို ထုတ်ပယ်တာက ငွေကြေးဆုံးရှုံးမှု များပြားဖွယ်ရှိပါတယ်။

#ဂျူဗင်တပ်စ် #ချန်ပီယံလိဂ် #အယ်လီဂရီ #ဘင်ဖီကာ