ရှေ့သို့
Image

တစ်သက်နဲ့တစ်ကိုယ် ချန်ပီယံလိဂ်ပြိုင်ပွဲကျင်းပတဲ့ ကွင်းအတွင်းကိုတောင် ရောက်ရှိခဲ့ဖူးသေးခြင်းမရှိကြောင်း ဝန်ခံစကားဆိုလိုက်တဲ့ ပေါ့တာ

3:51 PM, 14 September

ပရီမီးယားလိဂ် ပြိုင်ပွဲအတွင်း ပုံစံကောင်းပျောက်ဆုံးနေတဲ့ ချဲလ်ဆီးအသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ တော့ဒ်ဘိုလီက ပြီးခဲ့တဲ့ အပတ်အင်္ဂါညမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်ပွဲအဖွင့်ပွဲစဉ်အဖြစ် ခရိုးအေရှားမှာ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း ချဲလ်ဆီးအသင်းက ဒိုင်နမိုဇာဂရက်အသင်းကို အရေးနိမ့်ခဲ့ရတဲ့ ပွဲစဉ်ပြီးလို့ မကြာခင်မှာပဲ နည်းပြ သောမက်စ်တူချယ်ကို ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ကြေငြာမှု ပြုလုပ်ခဲ့ပြီးနောက် နောက်တစ်နေ့အကြာ ဘရိုက်တန်အသင်းနဲ့ အတူ ပုံစံကောင်းတွေ ပြသနေခဲ့တဲ့ နည်းပြ ဂရေဟမ်ပေါ့တာကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင်ကြေငြာမှုပြုလုပ်ကာ ချဲလ်ဆီးအသင်းအတွက် ကြီးမားတဲ့ အပြောင်းအလဲတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။

ဘရိုက်တန်အသင်းမှ ချဲလ်ဆီးအသင်းရဲ့နည်းပြ အဖြစ်ပြောင်းလဲတာဝန်ယူခွင့်ရခဲ့ပြီ ဖြစ်တဲ့ ဂရေဟမ်ပေါ့တာ က သူ့အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ကွင်းအတွင်းသို့ ဝင်ရောက်ကာ တစ်ကြိမ်တစ်ခါမှ ဝင်ရောက် အားပေးခဲ့ဖူးခြင်း မရှိကြောင်းကို ဆဲလ်ဘတ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဒုတိယမြောက် အုပ်စုပွဲစဉ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဩစတီးရီးယားကလပ် ရက်ဘူးဆဲလ်ဘတ်အသင်းနဲ့ ကစားရမယ့် ပွဲစဉ်ဟာ ချဲလ်ဆီးနည်းပြ ပေါ့တာ အတွက်တော့ ပထမဆုံး ချန်ပီယံလိဂ်ပွဲစဉ် တစ်ပွဲအား ဝင်ရောက် ကြည့်ရှု့ခွင့်ရရုံတင်မက ချန်ပီယံလိဂ်မှာ ချန်ပီယံ ၂ကြိမ်အထိ ရယူထားခဲ့ ဖူးတဲ့ ချဲလ်ဆီးအသင်းရဲ့နည်းပြ အဖြစ်ပါ ကိုင်တွယ် ခွင့်ရတော့မှာ ဖြစ်လို့ ဖိအားအချို့ရှိနေမှာလည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာသာ အစိမ်းသက်သက်ဖြစ်နေတဲ့ ပေါ့တာက ဆွစ်ဇာလန်ကလပ် အော့စ်တာဆန်ဒ် အသင်းကို ကိုင်တွယ်စဉ်ကတော့ ၂၀၁၈ ခုနှစ်၌ ယူရိုပါလိဂ်ပြိုင်ပွဲ ရဲ့ ၃၂သင်း ရှုံးထွက်အဆင့်ကိုပါ တက်လှမ်းနိုင်ခဲ့ဖူးသူဖြစ်ပေမဲ့ အဆိုပါနှစ်မှာ အာဆင်နယ်အသင်း နဲ့ ဆုံတွေ့ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲကို စတင်ကိုင်တွယ်ခွင့် ရတော့မယ့်အပေါ် ပေါ့တာက “ဆဲလ်ဘတ်ကို လက်ခံကစားဖို့ရန်အတွက် အဆင့်အသင့်အနေထားဖြစ်နေပြီ လို့ ကျွန်တော် ထင်ပါတယ်” “ဘယ်နေရာကို ပဲ ရောက်ရောက် အကောင်းဆုံးဖြစ်အောင် ကစားနိုင်ဖို့ ပဲ ကြိုစားခဲ့တာပါ။ အခု ချဲလ်ဆီးအသင်းနဲ့အတူလည်း ပုံစံကောင်းတစ်ခုကို ရရှိသွားအောင် စွမ်းဆောင် သွားမှာပါ” “ချဲလ်ဆီးအသင်းကို နည်းပြ အဖြစ် ကိုင်တွယ် ခွင့်ရခဲ့တာက မယုံကြည်နိုင်လောက်အောင်ပါပဲ။ ပိုင်ရှင်ဖြစ်တဲ့ တော့ဒ်ဘိုလီအပါအဝင် ချဲလ်ဆီးအသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ဆက်သွယ် စကားပြောဆိုခဲ့ပြီး နောက်မှာ သူတို့ဟာ စဉ်းစားဉာဏ် မြင့်မားတဲ့ သူတွေ ဖြစ်သလို ပြင်ပ စီးပွားရေးလော့ကမှာသာ မက ဘောလုံးလောကမှာပါ အောင်မြင်မှု ရယူချင်နေကြတဲ့ သူတွေဆိုတာ သိခွင့်ရခဲ့ပါတယ်”

“ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပတ်သက်လို့လည်း ကျွန်တော့နေဖြင့် ကိုယ်တွယ်ဖူးခဲ့တဲ့ အတွေ့အကြုံမရှိဘူးဆိုတာ ဝန်ခံပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော် ဒီပြိုင်ပွဲကို ကွင်းထဲကို ဝင်ရောက်အားပေးဖူးတာမျိုးတောင် မရှိခဲ့ဖူးတာပါ”လို့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲပြုလုပ်နေစဉ် ဝန်ခံပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ချန်ပီယံလိဂ် #ပေါ့တာ