ဒေါ့မွန်စူပါစတား ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ အခွင့်အရေးကောင်းတွေ ရှိနေတဲ့ ယူနိုက်တက်နှင့် လီဗာပူး
2:44 PM, 14 September
၂၀၂၀ခုနှစ်တွင် ပေါင် ၂၅ သန်းဝန်းကျင်ဖြင့် ဘာမင်ဂမ်ကနေ ဒေါ့မွန်သို့ ပြောင်းရွေ့ခဲ့ကတည်းက အသက်၁၉ နှစ်အရွယ် ဘယ်လင်ဂမ်ဟာ ကမ္ဘာ့ဘောလုံးလောကမှ အရည်အသွေးရှိတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။ လူငယ် ကစားသမားဟာ ဒေါ့မွန်သို့ ပြောင်းရွေ့ဖို့အတွက် အိုးထရက်ဖို့ဒ်ကို ငြင်းပယ်ခဲ့တာဖြစ်ပြီး သူဟာ ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးကွင်းသို့ လည်ပတ်ရန် ဖာဂူဆန်ရဲ့ ခွင့်ပြုခြင်းကို ခံခဲ့ရသူ ဖြစ်ပါတယ်။
အဲ့ဒီကတည်းက ယူနိုက်တက်ဟာ အင်္ဂလန်စတားကို စိတ်ဝင်စားခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ကွင်းလယ်ကစားသမားကို ဥရောပတစ်လွှားရှိအသင်းကြီးတွေက စိတ်ဝင်စားနေကြပြီဖြစ်ပါတယ်။ လီဗာပူး အသင်းကလည်း ဟန်ဒါဆင်ရဲ့ နေရာကို အစားထိုးဖို့ အတွက် ဘယ်လင်ဂမ်ကို သတ်မှတ်ထားတာ ဖြစ်ပြီး ကလော့ပ်ကတော့ အပြောင်းအရွေ့ အဆုံးသတ်မှာ ဘယ်လင်ဂမ်ကို မခေါ်ယူနိုင်ခဲ့တဲ့ အတွက် နောင်တရမိကြောင်း ပြေထားပါတယ်။
လီဗာပူးနှင့် ယူနိုက်တက်တို့ဟာ လာမယ့်နွေရာသီမှာ ဘယ်လင်ဂမ်ကိုခေါ်ယူဖို့အတွက် အခွင့်အရေးကောင်းတွေရှိနေပါတယ်လို့ Sky Sports ဂျာမနီကသတင်းထောက်ဖြစ်တဲ့ ပလက်တန်ဘက်က ပြောထားပါတယ်။"သူဟာ စူပါစတားကစားသမားတစ်ဦးဖြစ်လာတော့မှာပါ""သူဟာ ၂၀၂၃ခုနှစ်မှာ ဒေါ့မွန်ကနေ ထွက်ခွာမှာဖြစ်ပြီး လီဗာပူး၊ ဒါမှမဟုတ် ယူနိုက်တက်သို့ ပြောင်းရွေ့မယ်လို့ ကျွန်တော် လုံးဝ ယုံကြည်ပါတယ်" "ဒီနှစ်သင်းကတော့ သူ့ကိုခေါ်ယူဖို့ အခွင့်အရေးရှိဆုံးအသင်းတွေပဲဖြစ်ပါတယ်။
သူဟာ အံ့ဩဖို့ကောင်းတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အရမ်းကို ထူးချွန်တဲ့သူ ဖြစ်ပါတယ်" လို့ ပလက်တန်ဘက်က ပြောပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက ယူနိုက်တက်ဟာ ပေါင်သန်း ၂၂၀ အသုံးပြုခဲ့တာဖြစ်ပြီး ကွင်းလယ်ကို တောင့်တင်းစေဖို့ အဲရစ်ဆင်နှင့် ကက်စ်မီရိုတို့ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ပေါ့ဂ်ဘာ၊ မာတစ်၊ ပါရဲယားတို့အားလုံးက ကလပ်ကနေ ထွက်ခွာသွားပြီ ဖြစ်တာကြောင့် တန်ဟက်က ကစားသမားခေါ်ယူရန် လိုအပ်နေသေးတယ်လို့ ယူဆနေသေးတာဖြစ်ပါတယ်။
#မန်ချက်စတာယူနိုက်တက် #ဒေါ့မွန် #ဘယ်လင်ဂမ် #တန်ဟတ် #ပရီးမီးယားလိဂ်