ရှေ့သို့
Image

ဘိုလီတစ်ယောက် ၄-၃-၃ ကစားဖို့ တူချယ်ကို တိုက်တွန်းခဲ့ကြောင်း ဖာဒီနန် အခိုင်အမာဆို

2:35 PM, 14 September

ယူနိုက်တက်နောက်ခံလူဟောင်း ဘိုဟီလေက ဘိုလီတစ်ယောက် တူချယ်ကို မထုတ်ပယ်ခင် ၄-၃-၃ ကစားကွက်နဲ့ အသင်းလူစာရင်းရွေးချယ်ရာမှာ လွှမ်းမိုးနိုင်ဖို့ ကြိုးပမ်းခဲ့ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

တူချယ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ချန်ပီယံလိဂ်မှာ ဒိုင်နမိုဇာဂရက်အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်ဒက် အသင်းပိုင်ရှင်သစ် ဘိုလီဟာ မန်ဒီကို လူစာရင်းကနေ ထုတ်ပယ်ချင်နေပြီး တူူချယ်ကိုလည်း တိုက်တွန်းခဲ့တယ်လို့ အခိုင်အမာဆိုခဲ့ပါတယ်။

“နောက်ကွယ်မှာ အဖြစ်အပျက်တွေအများကြီးရှိခဲ့ပါတယ်။ ပိုင်ရှင်သစ်က လူစာရင်းမှာ ချန်လှပ်ချင်တာနဲ့ နည်းစနစ်အပြောင်းအလဲလုပ်ချင်ခဲ့ပါတယ်။ မန်ဒီကို နည်းစနစ်ကြောင့် အသင်းလူစာရင်းကနေ ချန်လှပ်ချင်ခဲ့တာပါ။ တူချယ်နဲ့လည်း အချေအတင်ဖြစ်ခဲ့တာမှာပါ”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။ ဘိုလီ နဲ့ အခြားတာဝန်ရှိသူတွေဟာ တူချယ်ကို ၄-၃-၃ ကစားကွက်နဲ့ ကွင်းထဲမှာ အပိုကစားသမားတစ်ဦးရှိနေစေချင်တယ်လို့ အခိုင်အမာဆိုပါတယ်။

“ကျွန်တော် သတင်းအချို့ကြားခဲ့ပါတယ်။ ဘိုဟီလေက ကွင်းထဲမှာ အပိုကစားသမားတစ်ဦးရှိနေစေချင်ပါတယ်။ ကျွန်တော်လည်း အဲ့လိုကြားခဲ့ပါတယ်။ ပြီးတော့ ကစားသမားရွေးချယ်ရာမှာ လွှမ်းမိုးနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ကျွန်တော်သာဆိုရင်တော့ ပိုင်ရှင်တွေပြောသလို ဆက်လုပ်မှာပါ။ ဒါပေမယ့် တူချယ်ကတော့ အဲ့လိုလူစားမျိုးမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ မထုတ်ပယ်ခင်မှာလည်း ရက်သတ္တပတ်ပေါင်းများစွာ ဆွေးနွေးခဲ့ကြမှာပါ။ အဆင်မပြေခဲ့တာကြောင့် တူချယ်ကို အနားပေးခဲ့တာလည်း ဖြစ်နိုင်ပါတယ်”လို့ ဖာဒီနန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဒီနန် #တူချယ် #ဘိုလီ #ပရီးမီးယားလိဂ်