ရှေ့သို့
Image

ဘယ်အချက်က ချဲလ်ဆီးကို ပြောင်းလာစေခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့တဲ့ ဂရေဟမ်ပေါ့တာ

9:53 AM, 13 September

ချဲလ်ဆီးနည်းပြသစ် ဂရေဟမ်ပေါ့တာက အသင်းရဲ့ရေရှည်စီမံကိန်းကြောင့် ပြောင်းလာခဲ့တာဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

အသက် ၄၇ နှစ်သားဟာ ဘရိုက်တန်ကနေ ထွက်ခွာလာခဲ့တာဖြစ်ပြီး တူချယ်နေရာမှာ အစားထိုး ဝင်ရောက်မှာဖြစ်ပါတယ်။ ပေါ့တာဟာ ချဲလ်ဆီးအသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ဘိုဟီလေကလည်း မှန်ကန်တဲ့ခေါ်ယူမှုလို့ ဆိုခဲ့ပါတယ်။

ချဲလ်ဆီးဟာ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ပေါ်တာတစ်ယောက် လာမယ့် ဆဲလ်ဘတ်ဂျ်နဲ့ချန်ပီယံလိဂ်ပွဲကို စတင်ကိုင်တွယ်မှာဖြစ်ပါတယ်။ အမှန်ဆို စနေနေ့က ဖူလ်ဟမ်အသင်းနဲ့ ကစားရမှာဖြစ်ပေမယ့် ဘုရင်မကြီး ကွယ်လွန်ခဲ့တာကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။

“ပျော်ရွှင်တဲ့ကစားသမားတွေနဲ့ အသင်းတစ်သင်းကို ဖန်တီးနိုင်သလို ပရိသတ်အားပေးမှုကလည်း လိုအပ်ပါတယ်။ အရေးအကြီးဆုံးက ပရိသတ်နဲ့ အသင်းကြားထဲက ဆက်နွယ်မှုပါ။ ကျွန်တော်တို့ တိုက်စစ်ကစားမှာဖြစ်ပြီး ကစားသမားတွေကိုလည်း လွတ်လွတ်လပ်လပ်ဆုံးဖြတ်ခွင့်ပေးထားပါတယ်။  အောင်မြင်မှုတွေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့အသင်းတစ်သင်းကို တည်ဆောက်ချင်ပါတယ်။ ပထမဆုံးနားလည်ရမှာက ကျွန်တော်တို့ လူသားတွေပါ။ အဲ့တာက အရေးအကြီးဆုံးပါ။ လူတွေလိုပဲ သူတို့ကို စိတ်ဓာတ်ခွန်အားပေးဖို့ လိုအပ်ပါတယ်။  လေ့ကျင့်ရေးကွင်းမှာလည်းလည်း ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ပြီး လေးစားမှု ၊ ယုံကြည်မှု ၊ ရိုးသားမှုကိုပါ တည်ဆောက်ရမှာပါ။ ကျွန်တော်က အမြဲတမ်းလူတစ်ဦးကို အဓိကထားပါတယ်”လို့ ပေါ့တာက ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ပေါ့တာ #ပရီးမီးယားလိဂ်