ရှေ့သို့
Image

ချဲလ်ဆီးနည်းပြလုပ်ရတာဟာ ပေါ့တာအတွက် ကြီးမားတဲ့စိန်ခေါ်မှုလို့ ဒန်နီမာဖီ ယုံကြည်နေ

12:48 PM, 12 September

ဘရိုက်တန်ကနေ ချဲလ်ဆီးထံပြောင်းရွှေ့ပြီး နည်းပြလုပ်ရတာက ပေါ့တာအတွက် ကြီးမားတဲ့စိန်ခေါ်မှုလို့ ထုတ်ဖော်ပြောကြားလိုက်ကာ လန်ဒန်အသင်းမှာ ဆုဖလားတွေ အောင်မြင်နိုင်မယ်လို့ ဒန်နီမာဖီက ယုံကြည်နေပါတယ်။ အင်္ဂလိပ်လူမျိုးပေါ်တာဟာ တူချယ်အထုတ်ခံရပြီး သိပ်မကြာခင်မှာပဲ ချဲလ်ဆီးနည်းပြသစ် ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဒီရာသီပရီးမီးယားလိဂ် ၆ ပွဲမှာ တဝက်သာ အနိုင်ရရှိခဲ့သလို ချန်ပီယံလိဂ်အဖွင့်ပွဲမှာလည်း ဒိုင်နမိုဇာဂရက်အသင်းကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ တူချယ်ဟာ ချဲလ်ဆီးအသင်းအဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့တာကြောင့် ထွက်ခွာခဲ့ရတာဖြစ်ပြီး ပေါ်တာက အသင်းကို ဆွဲတင်ရဖွယ်ရှိနေပါတယ်။

ပေါ့တာဟာ ဘရိုက်တန်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်တဲ့ နည်းပြတစ်ဦးဖြစ်ပြီး  ချဲလ်ဆီးမှာလည်း စွမ်းဆောင်ရည်ကောင်းတွေဆက်လက်ပြသနိုင်မယ်လို့ မာဖီက ယုံကြည်နေပါတယ်။ မာဖီက ပေါ်တာအတွက် ချဲလ်ဆီးကို ကိုင်တွယ်ရတာဟာ ကြီးမားတဲ့စိန်ခေါ်မှုလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။


“တူချယ်အထုတ်ခံရလို့ ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်။ သူက တကယ်ကောင်းတဲ့ နည်းပြတစ်ဦးဖြစ်သလို ချန်ပီယံလိဂ်ဖလားလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တန်ပြန်မှုအနေနဲ့ ဘိုဟီလေက အသင်းကို ဘယ်လိုသွားချင်လဲဆိုတာပေါ်မူတည်ပြီး အပြောင်းအလဲလုပ်ခဲ့တယ်လို့ ထင်ပါတယ်။ ပေါ်တာကလည်း တကယ်တော်တဲ့နည်းပြတစ်ဦးပါ။ ဒါပေမယ့် သူ့အတွက် ချဲလ်ဆီးကိုကိုင်ရတာက ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်လာနိုင်ပါတယ်။ ၂၀၀၈က ရက်ပ်နက် ဆုဖလားရပြီနောက်ပိုင်း ဘယ်အင်္ဂလိပ်နည်းပြမှ ဆုဖလားမရသေးပါဘူး။ ပေါ်တာက အခုလုပ်ပြနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။  ပေါ်တာမှာ ချဲလ်ဆီးအသင်းကို ကိုင်တွယ်နိုင်တဲ့အရည်အချင်းရှိပြီး ဆုဖလားတွေ ရယူနိုင်မှာပါ။ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်နိုင်တယ်ဆိုပေမယ့် သူ့အနေနဲ့ သင်ယူနိုင်မယ်လို့ ထင်ပါတယ်။ ချဲလ်ဆီး ကစားသမားအများစုက ဆုဖလားတွေနဲ့ အတွေ့အကြုံရှိပြီးသားတွေပါ။ အဲ့တာက သူအရင်လုပ်ခဲ့တဲ့အသင်းတွေထက် တောင်းဆိုမှုများလာနိုင်ပါတယ်”လို့ ဒန်နီမာဖီက ပြောကြားခဲ့ပါတယ်။

#တူချယ် #မာဖီ #ပေါ့တာ #ပရီးမီးယားလိဂ်