ရှေ့သို့
Image

အသင်းကြီးတွေ စိတ်ဝင်စားနေတဲ့ ကိုင်ဆီဒိုနဲ့ ပတ်သက်ပြီး ဘရိုက်တန် တုံ့ပြန်

12:35 PM, 12 September

ဘရိုက်တန်အသင်းဟာ ထိပ်တန်းအသင်းကြီးတွေစိတ်ဝင်စားနေတဲ့ ကိုင်ဆီဒိုကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှာဖြစ်ကြောင်း တုံ့ပြန်ပြောကြားလိုက်ပါတယ်။

ဘရိုက်တန်ဟာ ၂၀၂၁ ဇန်နဝါရီတုန်းက ဒီဗာလီအသင်းထံကနေ ကိုင်ဆီဒိုကို ခေါ်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဘယ်လ်ဂျီယံကလပ် ဘာစကော့တ်အသင်းထံမှာ အငှားချခဲ့ပါတယ်။ အသင်းထံပြန်ရောက်လာပြီးနောက် ကိုင်ဆီဒိုဟာ အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး ဒီရာသီဘရိုက်တန်အသင်းရဲ့ ပွဲအားလုံးကို ပါဝင်ကစားထားပါတယ်။

ကိုင်ဆီဒိုရဲ့ စွမ်းဆောင်ရည်ကြောင့် အာဆင်နယ်၊ ယူနိုက်တက်၊ လီဗာပူးနဲ့ ချဲလ်ဆီးတို့က စိတ်ဝင်စားနေကြပါတယ်။ အာဆင်နယ်ဟာ နွေရာသီတစ်လျှောက် ကွင်းလယ်ကစားသမားရှာဖွေခဲ့ပြီး နောက်ဆုံးရက်မှာ  ဗီလာစတား လူးဝစ်ကို ချိတ်ဆက်ခဲ့ပေမယ့် မခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ကလည်း ကက်စ်မဲရိုးနဲ့ အဲရစ်ဆင်တို့ကို ခေါ်ယူထားနိုင်ခဲ့ပေမယ့် ကွင်းလယ်ကို ထပ်မံအားဖြည့်ချင်နေပါတယ်။ လီဗာပူးအသင်းကတော့ ကွင်းလယ်ပိုင်းပြဿနာရှိနေပြီး ဇန်နဝါရီမှာ ကစားသမားသစ်ခေါ်ယူဖွယ်ရှိနေပါတယ်။ ချဲလ်ဆီးဟာ ပေါ့တာကို ခန့်အပ်ပြီးနောက် ကိုင်ဆီဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဘရိုက်တန်ဟာ ကူကူရယ်လာကို ချဲလ်ဆီးနဲ့ ဘစ်ဆူးမားကို တော့တင်ဟမ်ထံရောင်းချထားခဲ့ပြီးဖြစ်ကာ ကိုင်ဆီဒိုကို အသင်းမှာဆက်ထိန်းချင်နေပါတယ်။ သတင်းတွေအရ ဘရိုက်တန်ဟာ ကိုင်ဆီဒိုကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ပေါ့တာက ကိုင်ဆီဒိုကို စိတ်ဝင်စားနေတာနဲ့ ပတ်သက်ပြီး “ဘောလုံးမှာက ဘာမှမသိနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ စိတ်အေးအေးထားဖို့ လိုအပ်ပါတယ်။ သန်း ၁၀၀ လောက်ရှိနေတယ်ဆိုရင်တော့ ကြိုးစားနိုင်ပါတယ်။ လူတွေက သူ့ကိုစိတ်ဝင်စားနေတယ်ဆိုတာ ကျွန်တော်မအံ့သြမိပါဘူး။ ဘာလို့လဲဆိုတော့ သူက ထိပ်တန်းအဆင့်မှာ ကစားနေတာကြောင့်ပါ”လို့ ပေါ့တာက ပြောကြားခဲ့ပါတယ်။

ကိုင်ဆီဒိုကတော့ သူဟာ ဘရိုက်တန်မှာ ပျော်နေတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။ “အခုဒီမှာ ပျော်နေပါတယ်။ ဘရိုက်တန်က လွဲပြီး အခြားအသင်းအကြောင်း မတွေးမိပါဘူး။ ဒီအသင်းမှာ ပျော်နေပြီး ဒီအသင်းအတွက်ပဲ ကစားပေးချင်ပါတယ်”လို့ ကိုင်ဆီဒိုက ပြောကြားခဲ့ပါတယ်။

#ဘရိုက်တန် #ပရီးမီးယားလိဂ် #ကိုင်ဆီဒို