ရှေ့သို့
Image

ပီအက်စ်ဂျီ အကြံပေး လူးဝစ်ကမ်ပို့စ်ကို ခန့်အပ်ဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီး

10:41 AM, 12 September

ချဲလ်ဆီးအသင်းဟာ နည်းပြသစ် ဂရေဟမ်ပေါ်တာကို ခန့်အပ်ပြီးနောက် အားကစား ဒါရိုက်တာ အဖြစ် လူးဝစ်ကမ်ပို့စ်ကို ခန့်အပ်ဖို့ စိတ်ဝင်စားနေပါတယ်။ ကမ်ပို့စ်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက မိုနာကိုကနေ ထွက်ခွာခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးက မိုက်ကယ်အီမန်နာလိုနေရာမှာ အစားထိုးချင်နေပါတယ်။ အသက် ၅၈ နှစ်သားဟာ ဇွန်လကတည်းက ပီအက်စ်ဂျီ အကြံပေး အဖြစ် လုပ်ကိုင်နေတာ ဖြစ်ပြီး လိုင်လီ ၊ မိုနာကို နဲ့ ရီးရဲလ် အသင်းတွေမှာလည်း လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။


ချဲလ်ဆီး အသင်း ပိုင်ရှင်သစ် ဘိုဟီလေဟာ အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်းကို သဘောမကျ ဖြစ်နေပြီး အပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဘိုဟီလေဟာ လက်ရှိမှာ ယာယီ နည်းပြ အဖြစ် လုပ်ဆောင်နေတာ ဖြစ်ပြီး ကမ်ပို့စ်ကို ခန့်အပ်ဖို့ စကားပြောထားပြီး ဖြစ်ပါတယ်။ သတင်းတွေအရ ချဲလ်ဆီးဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ထပ်မံ ရင်းနှီးမြုပ်နှံဖို့ အလိုရှိနေပြီး အခု နွေရာသီမှာလည်း စတာလင် ၊ ဖိုဖာနာနဲ့ ကူလီဘာလေတို့ကို ခေါ်ယူထားခဲ့ပါတယ်။


တူချယ်ကို ထုတ်ပယ်ပြီးနောက် ပေါ်တာကို အလျင်အမြန် ခန့်အပ်ခဲ့သလို အားကစား ဒါရိုက်တာကိုလည်း ခန့်အပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဘရိုက်တန် နည်းပြဟောင်း ပေါ်တာဟာ ဘိုဟီလေနဲ့ အတူ တွဲဖက်ပြီး တာဝန်ယူဖွယ် ရှိနေပါတယ်။ ဘိုဟီလေဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အပြောင်းအရွှေ့တွေကို တွန်းပေးလုပ်ဆောင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ကမ်ပို့စ်ဟာ မိုနာကို နဲ့ လိုင်လီအသင်းတို့ကို အောင်မြင်တဲ့ အသင်းမျိုးဖြစ်အောင် လုပ်ဆောင်ပေးခဲ့တာဖြစ်ပြီး အခုလည်း ပီအက်စ်ဂျီကို လမ်းကြောင်းမှန်ပေါ် တင်ပေးနေတာ ဖြစ်ပါတယ်။


လိုင်လီမှာ တာဝန်ယူခဲ့တဲ့ ၃ ရာသီအတွင်း ဘော့တ်မန်း ၊ ဖာဘင်ဟို ၊ လီအို ၊ လီမာ ၊ အိုဆီမင် ၊ ပီပီ ၊ ဘာနာဒိုဆေးလ်ဗား ၊ မက်ပီတို့ကို မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။ ကမ်ပို့စ်ဟာ ယခင်တုန်းက ရီးရဲလ် အသင်းမှာ မော်ရင်ဟိုနဲ့ လက်တွဲခဲ့ဖူးတာ ဖြစ်ပြီး များပြားတဲ့ အတွေ့အကြုံရှိတာ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ပီအက်စ်ဂျီ #ဂရေဟမ် ပေါ့တာ #လူးဝစ်ကမ်ပို့စ် #ပရီးမီးယားလိဂ်