ရှေ့သို့
Image

မန်စီးတီးခြေရာကို လိုက်နင်းဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီးအသင်း

10:29 AM, 12 September

ချဲလ်ဆီး အသင်းဟာ မန်စီးတီးအသင်း လုပ်ဆောင်ခဲ့သလိုမျိုး ကလပ် အသင်း ချိတ်ဆက်မှုတွေ ပြုလုပ်နိုင်ဖို့ အသင်းသစ်တွေ ဝယ်ယူဖို့ လုပ်ဆောင်နေကြောင်း သိရပါတယ်။ ချဲလ်ဆီး အသင်းပိုင်ရှင်သစ်တွေဟာ လူငယ်ဖွံ့ဖြိုးရေး အပါအဝင် အသင်းရဲ့ တည်ဆောက်ပုံကို ပြင်ဆင်ဖို့အတွက် အသင်းသစ်တွေ ဝယ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။


ဘိုဟီလေ နဲ့ ဘုတ်အဖွဲ့ဟာ အခြားအသင်းတွေရဲ့ တည်ဆာက်ပုံကို လေ့လာနေပြီး ကင်းထောက်ဖို့ နဲ့ ဥရောပတစ်လွှား လူငယ်ဖွံ့ဖြိုးရေး အတွက်ပါ တိုးတက်အောင် ပြင်ဆင်လိုနေပါတယ်။ သတင်းတွေအရ ချဲလ်ဆီးဟာ မန်စီးတီးလိုမျိုး အခြားအသင်းတွေ ဝယ်ယူဖို့ ပြင်ဆင်နေကြောင်း ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီး အသင်းဟာ အသင်းသစ်တွေ ဝယ်ယူပြီး အဆိုပါ အသင်းတွေထံ အငှားချဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ 


အခုလိုလုပ်ရပ်မျိုးဟာ မန်စီးတီး အသင်း အရင်က ပြုလုပ်ခဲ့တာဖြစ်ပြီး စီးတီးဘောလုံးအုပ်စုက အသင်း တော်တော်များများကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဥရောပမှာ Troyes ၊ ဘယ်လ်ဂျီယံမြေမှာ လိုမယ် ၊ စပိန်မှာ ဂီရိုနာ ၊ အီတလီမှာ ပါလာမို ၊ သြစတြေးလျမှာ မယ်လ်ဘုန်း ၊ ဥရုဂွေးမှာ မွန်တီဗီဒိုစီးတီး ၊ ဂျပန်မှာ ယိုကိုဟားမား နဲ့ နယူးယောက်စီးတီး အသင်းတွေကို စီးတီးက ဝယ်ယူထားပါတယ်။


ဘိုဟီလေကလည်း အသင်းအတွက် ရေရှည် အစီအစဉ်အဖြစ် အသင်း တော်တော်များများကို ဝယ်ယူဖို့ ချိတ်ဆက်နေပါတယ်။ ချဲလ်ဆီးဟာ အခုအပတ် အစောပိုင်းတုန်းက တူချယ်ကို ထုတ်ပယ်ပြီး နည်းပြသစ် အဖြစ် ဂရေဟမ်ပေါ်တာကို ခန့်အပ်ခဲ့သလို အားကစားဒါရိုက်တာကိုလည်း ခန့်အပ်ဖွယ် ရှိနေပါတယ်။ သတင်းတွေကတော့ အဆိုပါဒါရိုက်တာဟာ မိုက်ကယ်အက်ဒ်ဝါ့တ် ဖြစ်နိုင်တယ်လို့ ဖော်ပြနေကြပါတယ်။ ဒါ့အပြင် ပေါ်လ်မစ်ချယ် ၊ ပီအက်စ်ဂျီအကြံပေး ကမ်ပို့စ်တို့ကိုလည်း ချိတ်ဆက်နေပါတယ်။

#ချဲလ်ဆီး #ဂရေဟမ် ပေါ့တာ #ပရီးမီးယားလိဂ်