ရှေ့သို့
Image

လက်ရှိရာသီမှာ နည်းပြသစ်အတွက် ရည်မှန်းချက် ၃ ခု ချပေးထားတဲ့ ချဲလ်ဆီးအသင်းပိုင်ရှင်များ

4:28 PM, 11 September

အသက် ၄၇နှစ်အရွယ် နည်းပြဟာ ကြာသပတေးနေ့ မနက်မှာ တူချယ်ရဲ့နေရာတွင် ခန့်အပ်ခြင်း ခံခဲ့ရတာ ဖြစ်ပြီး တစ်ရာသီကို ပေါင် ၁၀ သန်းဖြင့် ၅နှစ်သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အမှတ်ပေးဇယားတွင် ချဲလ်ဆီးအဟာ အဆင့် ၆ နေရာတွင်ရှိနေပြီး အဆင့် ၄ နေရာက ဘရိုက်တန်နှင့် ၃ မှတ်ကွာဟနေကာ အဖွင့်ပွဲစဉ် ကတည်းက Clean Sheet ရရှိခြင်းမရှိကာ စွမ်းဆောင်ရည် အပိုင်းကတော့ စိုးရိမ်စရာ ဖြစ်နေပါတယ်။


Daily Mail ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းပိုင်ရှင်တွေဟာ နည်းပြသစ် ပေါ့တာအတွက် ရှင်းလင်းတဲ့လမ်းညွှန်ချက် ၂ ခုကို ချမှတ်ပေးထားတာဖြစ်ပြီး ပထမတစ်ခုက ထိပ်ဆုံး ၄ သင်းအတွင်း ဝင်ရောက်ကာ ရာသီကို ပိတ်သိမ်းနိုင်ဖို့နှင့် ဒုတိယတစ်ခုကတော့ ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းစေဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီထဲက တစ်ခုမှမလုပ်နိုင်ခဲ့ရင် အလုပ်ကနေ ထုတ်ပယ်ခြင်း ခံရသေးမှာ မဟုတ်ဘဲ တတိယမြောက် တစ်ခု ဖြစ်တဲ့ အသင်းရဲ့ စွမ်းဆောင်ရည်ကို တိုးတက်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။


ကွင်းအတွင်းနှင့်ပြင်ပမှာ ရလဒ်ကောင်းတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် ဒုတိယရာသီအတွက် အာမခံချက်ရှိမှာဖြစ်ပြီး နွေရာသီအပြောင်းအရွေ့ဈေးကွက်မှာ အသင်းကို ဆက်လက်တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ နည်းပြ ပေါ့တာရဲ့ လက်အောက်မှာ ချဲလ်ဆီးက ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့မယ်ဆိုရင်တော့ တော့ဘိုလီနဲ့ Clearlake Capital လုပ်ငန်းစုတို့ဟာ နည်းပြသစ် ခေါ်ယူဖို့အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။


ချဲလ်ဆီးဟာ ဥရောပရဲ့ထိပ်တန်းပြိုင်ဆိုင်မှုဟာ တစ်ရာသီကြာ ကုန်ဆုံးရန် လိုအပ်နေသေးတာကြောင့် အဆိုပါအစီစဉ်ကို ဖျက်ပစ်ဖို့ မပြင်ဆင်ထားတာဖြစ်ပါတယ်။ သူ့ရဲကစားပုံကို ချဲလ်ဆီးမှာ အသားကျဖို့အတွက် ပေါ်တာအနေနဲ့အချိန်ယူရမှာဖြစ်ပြီး အထူးသဖြင့် အသင်းဟာ မတူညီတဲ့ ကစားသမားအသစ်တွေကို ခေါ်ယူထားတာဖြစ်ကာ ပရီးမီးယားလိဂ်ဆိုတာက ဘယ်လောက်အထိ ပြိုင်ဆိုင်မှု ပြင်းထန်သလဲဆိုတာကို သတိထားမိရမှ ာဖြစ်ပါတယ်။


ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ရွေ့ဆိုင်းခဲ့တာဖြစ်တာကြောင့် နည်းပြသစ်ဟာ ပထမဆုံးပွဲအဖြစ် ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဆဲလ်ဘတ်နှင့်ပွဲကို စတင်ကိုင်တွယ်ရမှာဖြစ်ကာ ဒိုင်နမိုဇာဂရက်ကို ရှုံးနိမ့်ပြီးနောက် အဆိုပါပွဲစဉ်က မဖြစ်မနေနိုင်ပွဲရရှိအောင် ကစားရမယ့်ပွဲဖြစ်နေပါတယ်။ ချဲလ်ဆီးသို့ ပြောင်းရွေ့ခဲ့ရတာနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ "ချဲလ်ဆီးလို အသင်းမျိုးကို ကိုယ်စားပြုရတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်၊ ဒီကလပ်က အရမ်းကိုကောင်းတဲ့ ကလပ် တစ်ခု ဖြစ်ပါတယ်"


"ချဲလ်ဆီးပိုင်ရှင်သစ်တွေနဲ့ လက်တွဲလုပ်ရမှာဖြစ်တာကြောင့် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်၊ ကစားသမားတွေနဲ့လည်း လက်တွဲလုပ်ဆောင်ဖို့အတွက် စိတ်လှုပ်ရှားနေပြီး သူတို့တွေကို တိုးတက်အောင်လုပ်ပေးပြီး ပရိသတ်တွေအနေနဲ့ ဂုဏ်ယူနိုင်မှာဖြစ်ပါတယ်" "ကျွန်တော့်ကို ထွက်ခွာခွင့်ပေးခဲ့တဲ့ ဘရိုက်တန်အသင်း၊ အထူးဖြင့် တိုနီဘလွန်းမ်၊ ကစားသမားတွေအားလုံး ဝန်ထမ်းတွေ၊ ပရိသတ်တွေ ကို ကျေးဇူးတင်လိုပါတယ်၊ သူတို့တွေက ဘရိုက်တန်မှာ ကျွန်တော်ရှိနေစဉ်အတွင်း အားပေး ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်" လို့ ပေါ့တာက ပြောပါတယ်။

#ချဲလ်ဆီး #ပေါ့တာ #ပရီးမီးယားလိဂ်