ရှေ့သို့
Image

ဘိုင်ယန်နောက်ခံ ကစားသမား မက်သီးယက်ဒီလစ်ကို ချီးကျူးလိုက်တဲ့ မန်နူရယ် နူအာ

4:12 PM, 11 September

ဘိုင်ယန်မြူးနစ် ဂိုးသမား မန်နူရယ်နူအာဟာ သူ့အသင်းရဲ့ နောက်တန်းကစားသမားတွေ အလုပ်လုပ်ပုံကို ပြောပြလိုက်ပြီး နွေရာသီမှာ ခေါ်ယူထားခဲ့တဲ့ အသင်းရဲ့ ကစားသမားသစ် မက်သီးယက်ဒီလစ်အပေါ် သူ့ရဲ့ အမြင်ကို ပြောဆိုလိုက်ပါတယ်။


"ဒီလစ်နဲ့ပတ်သက်လို့ ကောင်းတဲ့အချက်ကိုပဲ ပြောစရာရှိပါတယ်။ သူဟာ ကွင်းထဲမှာ အော်ဟစ်ပြောနေရုံသာမကပါဘူး။ သူ့အနေနဲ့ ကိုယ်ဟန်လက်ဟန်နဲ့ပါ အမြဲတမ်း ဆက်သွယ်နေပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့နောက်တန်းဟာ ကောင်းကောင်း ကစားထားနိုင်ပါတယ်။ လူတိုင်းက အကောင်းဆုံးပုံစံနဲ့ ကစားထားနိုင်ပါတယ်။ "


လို့ နူအာက BILD မှာပြောဆိုခဲ့ပါတယ်။ အသင်းဖော်အချင်းချင်း ချိတ်ဆက်မှုနဲ့ ပတ်သက်လို့ ဒီလစ်က "ကျွန်တော့်အနေနဲ့ အသင်းဖော်တွေနဲ့ ကွင်းတွင်း ကွင်းပြင် မှာ ချိတ်ဆက်ဖို့ အမြဲ ကြိုးစားပါတယ်။ ဒါပေမယ့် ကျွန်တော်က သီးသန့်နေရတာကြိုက်တဲ့ ကစားသမားဖြစ်ပါတယ်။


ကျွန်တော့်အနေနဲ့ စူးစမ်းလေ့လာပြီး ကျွန်တော်ပြောဖို့ လိုအပ်တာရှိလာလျှင် ပြောပါတယ်။  ကွင်းထဲမှာတော့ ကျွန်တော်က တတ်နိုင်သမျှ အသင်းဖော်တွေနဲ့ ချိတ်ဆက်နိုင်ဖို့ ကြိုးစားပါတယ်။ "လို့ ဒီလစ်က ဘိုင်ယန်မြူးနစ် အသင်း မဂ္ဂဇင်းမှာ ပြောခဲ့ပါတယ်။ 

#ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ #ဒီလစ်ချ်