ရှေ့သို့
Image

နွေရာသီ အပြောင်းအရွေ့မှာ ငွေများစွာ အသုံးပြုခဲ့ပေမယ့် ကစားသမားသစ် ထပ်ခေါ်ဖို့ ပြင်ဆင်နေတဲ့ ဂရေဟမ် ပေါ့တာ

4:06 PM, 11 September

ချဲလ်ဆီးအသင်း နည်းပြသစ် ဂရေဟမ်ပေါ့တာကတော့ အသင်းကိုလာမယ့်ဆောင်းရာသီအပြောင်းအရွေ့မှာ နောက်တန်းကစားသမားသစ်‌တွေခါ်ယူကာ ၂၀၂၃ ဒုတိယ ရာသီဝက်အတွက် အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပါတယ်။ 


ချဲလ်ဆီးအသင်းဟာ နွေရာသီ အပြောင်းအရွေ့မှာ ကစားသမားခေါ်ယူမှုအတွက် ငွေကြေးများစွာ သုံးစွဲခဲ့သော်လည်း နည်းပြဂရေဟမ်ပေါ့တာကနောက်လာမယ့် အပြောင်းအရွေ့အတွက် ကစားသမားခေါ်ယူဖို့ ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ နည်းပြ တူချယ်ကို အသင်းကနေ မထုတ်ပယ်ခင် နွေရာသီမှာ ကစားသမား ၈ ယောက်ကို ပြောင်းရွေ့ကြေး စုစုပေါင်း ပေါင် သန်း ၂၅၀ သုံးစွဲကာ ခေါ်ယူထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးက အသစ်ခန့်အပ်လိုက်တဲ့ ဂရေဟမ်ပေါ်တာကတော့ ဇန်နဝါရီမှာ အသင်းကို အင်အားဖြည့်တင်းချင်နေပါတယ်။ 


BILD ရဲ့ သတင်းထောက် ခရစ်စတီယန် ဖော့ရဲ့ အဆိုအရ လာမယ့် နှစ်သစ်မှာ ချဲလ်ဆီးဟာ လိုက်ဇစ်နောက်ခံ ကစားသမား ဂျို့ကို ဂျီဗာဒေါကို ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။ ချဲလ်ဆီးဟာ နွေရာသီတုန်းက ဂျီဗာဒေါကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ 


ချဲလ်ဆီးဟာ နောက်နွေရာသီအထိ ဂျီဗာဒေါကို လိုက်ဇစ်အသင်းမှာ အငှားနဲ့ ကစားခွင့်ပြုမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ ပေါင် ၇၇ သန်းနဲ့ ကစားသမားကို ဝယ်ယူဖို့ ကမ်းလှမ်းချက်ကို လိုက်ဇစ်အသင်းက ပယ်ချပါတယ်။ ထို့အတူ ကစားသမားကိုလည်း ၂၀၂၇ ခုနှစ်အထိ ငါးနှစ် စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ ဂျီဗာဒေါဟာ လိုက်ဇစ်အသင်းကို ပြီးခဲ့တဲ့ နွေရာသီက ဒိုင်နမိုဇာဂရက်အသင်းကနေ ပေါင် ၁၇ သန်းနဲ့ ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး အသင်းမှာ ၅၂ ပွဲ ကစားထားခဲ့ကာ နောက်တန်းကနေ ၂ ဂိုးသွင်းယူပေးထားပါတယ်။

#ချဲလ်ဆီး #ဂရေဟမ် ပေါ့တာ #ပရီးမီးယားလိဂ်