ရှေ့သို့
Image

ယူနိုက်တက်မှာနေဖို့အတွက် အေစီမီလန်သို့ ပြောင်းရွေ့ရန် ငြင်းပယ်ခဲ့တဲ့ ဒါလော့

4:00 PM, 11 September

၂၀၂၀-၂၁ ရာသီမှာ အသက် ၂၃နှစ်အရွယ် ကစားသမားဟာ အငှားဖြင့် သွားရောက် ကစားခဲ့တာဖြစ်ပြီး စီးရီးအေအသင်း အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ကာ ပြိုင်ပွဲစုံမှာ ၃၃ ပွဲအထိ ကစားခဲ့ရတာဖြစ်ပါတယ်။ အေစီဟာ ဒါလော့ကို အပြီးသတ်ခေါ်ယူချင်ခဲ့သလို ယူနိုက်တက်ဟာ ပေါင်သန်း ၅၀ အသုံးပြုကာ ဝမ်ဘစ်ဆာကို ခေါ်ယူထားတာကြောင့် ဆိုးလ်ရှားဟာ ပေါ်တူဂီနိုင်ငံသားကို ထွက်ခွာစေချင်ခဲ့တာဖြစ်ပါတယ်။


သို့သော်လည်း နော်ဝေနိုင်ငံသား ထွက်ခွာပြီး နောက်မှာတော့ ဒါလော့ဟာ ရန်းနစ်ရဲ့လက်အောက်မှာ ပထမဦးစားပေး ကစားသမားဖြစ်လာခဲ့ပါတယ်။ တန်ဟက်ရဲ့ လက်အောက်မှာလည်း ဒါလော့ဟာ သူ့ရဲ့နေရာကို ဆက်ထိန်းထားနိုင်ခဲ့ပြီး ပေါ်တူဂီသားကို သဘောကျနေတဲ့ နယ်သာလန် နိုင်ငံသားဟာ အပြောင်းအရွေ့ ဈေးကွက်မှာ ဝမ်ဘစ်ဆာကာကို ရောင်းချလိုနေတာ ဖြစ်ပါတယ်။


သို့သော်လည်း လွန်ခဲ့တဲ့ ၁၈လတုန်းက အေစီမီလန်ကနေ အငှားပြန်လာတုန်းက ဒါလော့ရဲ့ ကလပ်ရှိအနာဂတ်မှာ သေချာမှုနှင့်ဝေးကွာခဲ့တာဖြစ်ပြီး အီတလီ ကလပ်ဟာ နောက်တန်းကစားသမားဟာ အပြီးသတ် ခေါ်ယူချင်ခဲ့သော်လည်း သူ့ရဲ့ ပွဲထွက်ခွင့် အတွက် တိုက်ပွဲဝင်ရန် ဒါလော့ဟာ ဆန်စီရိုရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။


"မီလန်ဟာ ကြီးကျယ်ခမ်းနားတဲ့ကလပ်ဖြစ်ပြီး သူတို့နဲ့တစ်ရာကီ ကစားခဲ့ရတာကို သဘောကျမိပါတယ်""ဒါပေမဲ့ ပြောင်းရွေ့ဖို့ကိုတော့ ကျွန်တော်မလုပ်ချင်ပါဘူး၊ နောက်ဆုံးမှာတော့ ယူနိုက်တက်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်"


"ကျွန်တော်ဟာ ခံစစ်မှုးကောင်းတစ်ဦးဖြစ်ခဲ့ရင်ဒါဟာ မီလန်အသင်းအပေါ် ကြွေးရှိသွားပါပြီ။ အီတလီရဲ့ ဘောလုံးကစားပုံက ပရီးမီးယားလိဂ်နဲ့ မတူပါဘူး၊ဒါကို ၁ နှစ်အတွင်းမှာ ကျွန်တော်က အသားကျခဲ့ပြီး စီးရီးအေက အများကြီးကူညီပေးခဲ့ပါတယ်" "လွန်ခဲ့တဲ့ ၂ နှစ် မန်ချက်စတာမှာတုန်းကထက် ပွဲကစားချိန်တွေ ပိုတိုးလာပါတယ်၊ ကိုယ့်ကိုကိုယ် လေးစားမှု လည်းရှိလာပါတယ်" လို့ ဒါလော့က ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီယေဂိုဒါလော့ #ပရီးမီးယားလိဂ်