ရှေ့သို့
Image

လီဗာပူးက ပုံမှန်ခြေစွမ်းတွေနဲ့ ဘာကြောင့် ဝေးကွာနေရသလဲ ဆိုတာ ရှင်းပြလိုက်တဲ့ ဆောင်းနက်စ်

3:20 PM, 11 September

ပြီးခဲ့တဲ့ ရာသီတုန်းက လီဗာပူးဟာ ရမှတ် ၁ လျော့ပြီး မန်စီးတီးရဲ့နောက်မှာ ရပ်တည်ခဲ့သလို ချန်ပီယံလိဂ် ဖိုင်နယ်မှာလည်း ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၂-၂၃ ရာသီအစမှာလည်း မျှော်လင့်ထားသလိုနဲ့ ဝေးကွာနေတာဖြစ်ပြီး အဖွင့်ပွဲ ၆ပွဲကနေ ရမှတ် ၉မှတ် အထိသာ ရရှိထားသေးတာ ဖြစ်ပါတယ်။


လက်ရှိရာသီရဲ့ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်မှာလည်း နာပိုလီကို ၄-၁ ဂိုးဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် ခက်ခဲတဲ့စတင်မှုက ဆက်တိုက် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ကလော့ပ်ရဲ့ အောင်မြင်တဲ့ ကစားပုံတွေက ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ လီဗာပူး အသင်းရဲ့ စွမ်းဆောင်ရည် နိမ့်ပါးရတဲ့ အကြောင်းပြချက်တွေက အများကြီးရှိပြီး ပထမဆုံးအနေနဲ့ ညှိနှိုင်းလို့ မရနေတာ ဖြစ်တယ်လို့ ဆောင်းနက်စ်က ထင်နေပါတယ်။


"ခေတ်သစ် နည်းပြတွေ အားလုံး အကြောင်းကို ပြောနိုင်ပြီး သုံးသပ်နိုင်ပါတယ်၊ ဒီလို အချက်အလက်တွေနဲ့ ပြည့်နေတဲ့ အားကစား ဆိုင်ရာ စာမျက်တွေလည်း အများကြီးပါ။ ညှိနှိုင်းလို့မရတဲ့ အစိတ်အပိုင်းတစ်ခုက ပွဲစဉ်တွေကို အနိုင်ရရှိဖို့ ပထမဆုံး အချက်လည်း ဖြစ်ပါတယ်" "လက်ရှိ အချိန်မှာတော့ လီဗာပူးက အဲ့ဒီလိုမလုပ်နိုင်သေးပါဘူး၊ ဒါကြောင့်ပဲ အရင်က လီဗာပူးအသင်းနဲ့ လက်ရှိအသင်းက ကွာဟနေရတာ ဖြစ်ပါတယ်"


"အချက်အလက်တွေ သီအိုရီတွေနဲ့ လူတွေက ကမ်းလှမ်းထားတဲ့ အကြောင်းပြချက်အမျိုးမျိုးရှိပါတယ်။ ဒါတွေက လီဗာပူးရဲ့ အကောင်းဆုံးအချိန်ကို ပြောပြနေမှာပါ။ ဆာလက်ကလည်း အဲ့ဒီအချိန်တုန်းကပုံစံလိုမဟုတ်ပါဘူး။ နာပိုလီအား ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲက ပေးလိုက်ရတဲ့ ၂ဂိုးက အာနိုးလ်ကြောင့် ပေးခဲ့ရတာပါ။ လီဗာပူးက အရင်က စွမ်းဆောင်ရည်မျိုးမရှိသေးပါဘူး"


"အရင်က ဆာလက်လိုမျိုး မမြင်ရသေးပါဘူး။ သူအလိုရှိတဲ့ ကြီးမားတဲ့ စာချုပ်ကိုလည်း ချုပ်ဆိုပြီးပါပြီ၊ ဒါပေမဲ့ အရင်က ဆာလက်လိုမျိုးကိုတော့ မမြင်ရသေးပါဘူး"  "သူတို့တွေလိုအပ်နေတာက အစုလိုက် လုပ်ဆောင်ဖို့သာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ကလပ် ကစားသမား ဘဝကို ပြန်သွားမယ်ဆိုရင်လည်း ဒီနည်းအတိုင်းလုပ်ခဲတာ့ပါ။ အဲ့ဒီလိုသာ မလုပ်ဘူးဆိုရင် စနစ်တစ်ခုလုံးက ရပ်သွားမှာဖြစ်ပါတယ်"


"ကျွန်တော့်ရဲ့အမြင်ကတော့ လီဗာပူးက ယှဉ်ပြိုင်လိုစိတ်၊ တိုက်စစ်ကိုထောက်ပံ့ပေးနိုင်မယ့် အတွေ့အကြုံရင့် ကွင်းလယ် ကစားသမား လိုအပ်နေတာပါ" ဒီနွေရာသီမှာ နာမည်ကြီး ကစားသမားကိုခေါ်ယူဖို့ မလိုအပ်ဘူးလို့ ကလော့ပ်က ပြောထားတာပါ။ လူငယ် ကစားသမားတွေကို ရွေးချယ်ခဲ့ပြီး သူတို့ကို တိုးတက်အောင်လုပ်ပေးကာ ကစားခွင့်ပေးမယ်လို့ ပြောခဲ့တာပါ။ ဒါဟာ သတင်းကောင်း တစ်ခု ဖြစ်ပြီး အဲလီးယော့နဲ့ ကာတစ်ဂျုံးစ်တို့လို ကစားသမားတွေအပေါ်မှာ သစ္စာရှိပေးခဲ့တာဖြစ်ပါတယ်။


"ဒါဟာ လီဗာပူးရှိ လူငယ်ကစားသမားတိုင်းအတွက် သတင်းကောင်းပဲဖြစ်ပါတယ်။ ဒါဟာ အသက် ၃၁နှစ်အရွယ် သီယာဂို၊ အသက် ၃၂နှစ်အရွယ် ဟန်ဒါဆင်နှင့် အသက် ၃၆နှစ်အရွယ် မီလ်နာတို့ကို လူငယ် ကစားကစားတွေက ကျော်တက်သွားနိုင်မယ့် အခွင့်အရေးပဲ ဖြစ်ပါတယ်" "လီဗာပူးအသင်းက နောက်ဆုံး ခေါ်ယူထားတဲ့ ကစားသမားဖြစ်တဲ့ အာသာမယ်လိုရဲ့ အရည်အချင်းကလည်း သံသယဖြစ်ဖွယ် မရှိပါဘူး။ ဒါပေမဲ့ သူက အင်္ဂလန်ရဲ့ ကစားပုံနဲ့တော့ အသားကျရအုံးမှာ ဖြစ်ပါတယ်" လို့ ဆောင်းနက်စ်က ပြောပါတယ်။

#လီဗာပူး #ဆောင်းနက်စ် #ပရီးမီးယားလိဂ်