ရှေ့သို့
Image

ချဲလ်ဆီးအား ငြင်းပယ်ခဲ့ရတဲ့ အကြောင်းကို ပြန်လည် ပြောပြလိုက်တဲ့ ရာဖင်ဟာ

2:24 PM, 11 September

အသက် ၂၅နှစ်အရွယ် ကစားသမားကို စိတ်ဝင်စားနေတဲ့ လန်ဒန်မြို့ခံပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်အသင်းကို ကျော်လွန်ကာ ဘရာဇီးနိုင်ငံသားကို ခေါ်ယူနိုင်ဖို့အတွက် ချဲလ်ဆီးအသင်းဟာ အခြေအနေကောင်းမှာ ရှိခဲ့တာ ဖြစ်ပါတယ်။ ရာဖင်ဟာနှင့် သူ့ရဲ့အေးဂျင့်ဖြစ်သူ ချဲလ်ဆီးနှင့် ဘာစီလိုနာတို့ရဲ့ ကစားသမားဟောင်း ဒေကိုတို့ဟာ ချဲလ်ဆီးကို ငြင်းပယ်ခဲ့ပြီး နောက်ဆုံးမှာတော့ နူးကမ့်သို့ ပြောင်းရွေ့ခဲ့ကြတာ ဖြစ်ပါတယ်။


ရန်းနက်စ်အသင်းရဲ့ ကစားသမားဟောင်းဟာ အသင်း ပြောင်းရွေ့လာပြီးကတည်းက ပွဲထွက်ကစားခဲ့ရတာဖြစ်ပြီး ဘာစီလိုနာရဲ့ ကောင်းမွန်တဲ့ရာသီအစမှာ အဓိက နေရာကနေ ပါဝင်ခဲ့သူလည်း ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ဘာကြောင့် ငြင်းဆိုခဲ့တာလဲလို့မေးရာတွင် ရာဖင်ဟာက "ချဲလ်ဆီးရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တာက ဟုတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရဲ့ အိပ်မက်က ဘာစီလိုနာ အသင်းသို့ ပြောင်းရွေ့ဖို့ဖြစ်လို့ပါ"


"ရော်နယ်ဒင်ဟိုရောက်လာတဲ့အချိန် ကျွန်တော်ငယ်ငယ်ကတည်းက သူတို့အသင်းကို အားပေးတာပါ။ အဲ့ဒီအသင်းမှာ ပါဝင်ကစားလိုတဲ့စိတ်က အခြားအရာတွေထွက်ပိုပါတယ်။ ငွေကြေးကိစ္စလောက် ပြဿနာမဟုတ်ပါဘူး" "ကျွန်တော်ဒီကိုလာဖို့ ကစားသမားအဖြစ် စာရင်းသွင်းဖို့ အခက်အခဲအချို့ရှိခဲ့တာ သိပါတယ်။ သို့သော်လည်း ကလပ်ဟာ ကျွန်တော့် အတွက် ကြိုးစားခဲ့တယ်ဆိုတာ သတိထားမိခဲ့ပါတယ်" "ဒါကြောင့်ဘဲ အသင်းကို ယုံကြည်ဖို့နဲ့ သူတို့ရဲ့ ဘဏ္ဍာရေးအနေအထားနဲ့အသားကျဖို့ ဆုံးဖြတ်ခဲ့ပါတယ်" 


"ကျွန်တော်ဟာ လာရက်စတင်ဂါမှာ မွေးဖွားသူဖြစ်ပြီး ပေါ်တိုအယ်လီဂရီက အိမ်နီးနားချင်းတွေက အရမ်းကိုဆင်းရဲကြပါတယ်။ ပြောရမယ်ဆိုရင် ကျွန်တော်ငယ်ငယ်က အရမ်းကို ဆင်းရဲခဲ့ပါတယ်" "သို့သော်လည်း ကျွန်တော့်ကို လူသားဆန်ဖို့၊ တန်ဖိုးထားတက်ဖို့ မိသားစုက သင်ပေးခဲ့ပြီး ဒါကလည်း အခြေအနေအများစုမှာ ကျွန်တော့်ကို ကယ်ဆယ်ကူညီခဲ့ပါတယ်" လို့ ပြောပါတယ်။


နွေရာသီတွင် လီဝန်ဒေါ့စကီးရောက်ရှိလာပြီးကတည်းက ဘာစီလိုနာရဲ့ ကစားပုံတွေက ကောင်းလာခဲ့တာဖြစ်ပြီး ၅ ပွဲကစားထားကာ ချန်ပီယံလိဂ်နိုင်ပွဲတွင် ဟက်ထရစ် သွင်းယူထားခြင်း အပါအဝင် ၈ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ "သူက တကယ့် ကစားသမားကောင်း တစ်ဦးပါ၊ ဒါကို ကျွန်တော်တို့ အားလုံးလည်း သိပါတယ်။ သို့သော်လည်း သူနဲ့အတူကစားတဲ့အချိန်မှာတော့ သူဟာ ခေါင်းဆောင်ကောင်းတစ်ဦးထက်ကိုပိုတာ တွေ့ရပါတယ်""ကျွန်တော်တို့မှာ အရည်အချင်းရှိ ကစားသမားတွေဖြစ်တဲ့ ဒမ်ဘီလီ၊ ဖာတီ၊ တောရက်စ်၊ ဒီပေးတို့ရှိနေပါတယ်။ သူတို့တွေအားလုံးက မယုံကြည်နိုင်လောက်တဲ့ အရည်အသွေးတွေ ရှိကြပါတယ်" လို့ ရာဖင်ဟာက ပြောပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ရာဖင်ဟာ