ရှေ့သို့
Image

ချန်ပီယံလိဂ် ဝင်ခွင့်မရရင်တောင် ဂရေဟမ်ပေါ့တာအပေါ် ယုံကြည်မှု အပြည့်ပေးသွားမယ့် တော့ဒ်ဘိုလီ

3:47 PM, 10 September

ချဲလ်ဆီးအသင်းရဲ့ ပိုင်ရှင်ဖြစ်သူ တော့ဒ်ဘိုလီက ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် (၁) အဖြစ် ခရိုအေးရှားမြေမှာ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း ချဲလ်ဆီးသင်းက အိမ်ရှင် ဒိုင်နမိုဇာဂရက်အသင်းရဲ့ ၁ - ၀ နဲ့ အနိုင်ယူခြင်း ခံလိုက်ရပြီးနောက် ပရီးမီယားလိဂ်ပြိုင်ပွဲအတွင်းမှာပါ ရဒလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်နိုင်သေးခြင်း မရှိတဲ့နည်းပြ သောက်မက်စ်တူချယ်ကို ထုတ်ပယ်ကာ ဘရိုက်တန်အသင်းနဲ့ ပုံစံကောင်းတွေ ပြသကာ ပရီးမီးယားလိဂ် အသိုင်းအဝန်းရဲ့ အထင်ကြီးလေစားမှု ရရှိနေတဲ့ အင်္ဂလိပ်လူမျိုး နည်းပြ ဂရေဟမ်ပေါ့တာကို ချဲလ်ဆီးနည်းပြ အဖြစ် ခန့်အပ်ကြောင်း ကြာသပတေးနေ့မှာ တရားဝင် ကြေငြာမှု ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဘက်က ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ တာဝန်ရှိသူတွေအနေဖြင့် နည်းပြ ဂရေဟမ်ပေါ့တာကို ၅နှစ်စာချူပ် ချူပ်ဆိုခဲ့ပြီးနောက် ယခုနှစ်ပရီမီးယားလိဂ် ရာသီပိတ်သိမ်းချိန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက် ကစားခွင့် လွဲချော်ခဲ့မယ်ဆိုရင်တောင်မှ နည်းပြရဲ့ အစီအစဉ်တွေအား အသေအချာ ‌အကောင်အထည် ဖော်နိုင်စေရေးအတွက် ကာလရှည် အချိန်ပေး သွားမှာ ဖြစ်တဲ့အကြောင်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလအတွင်း ချဲလ်ဆီးအသင်းက အသုံးစရိတ် ပေါင်း သန်း ၃၀၀ ဝန်းကျင်အထိကို အလုံးအရင်းသုံစွဲခဲ့တာ ဖြစ်ပေမဲ့ လိဂ်ပြိုင်ပွဲအတွင်းမှာတော့ မျှော်မှန်းထားတဲ့ ရလဒ်တွေကို မရရှိသေးတာကြောင့် နည်းပြတူချယ်ကို ထုတ်ပယ်ခဲ့တာ ဖြစ်ပြီး စီနီယာကစားသမား  အချို့ကလည်း နည်းပြ တူချယ်အပေါ် လေးစားမှု လျှော့နည်းနေပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

ချဲလ်ဆီးပိုင်ရှင် တော့ဒ်ဘိုလီက ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ့တာကို ချဲလ်ဆီးအသင်းရဲ့ နည်းပြ အဖြစ် ကိုင်တွယ်စေခဲ့တာကြောင့် ပေါ့တာ အနေဖြင့် အပြောင်းအရွှေ့ကာလအတွင်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပမာဏတစ်ခုဖြစ်တဲ့ ပေါင် ၆၂သန်းအထိပေးချေကာ ချဲလ်ဆီးအသင်းက ခေါ်ယူထားတဲ့ ဘရိုက်တန် ဘယ်နောက်တန်းအစွန်လူ ကူကူရယ်လာနဲ့လည်း ပြန်လည် ပူးပေါင်း ခွင့် ရတော့မှာလည်း ဖြစ်ပါတယ်။

နည်းပြပေါ့တာက ပြီးခဲ့တဲ့သောကြာနေ့၌ ချဲလ်ဆီးအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို လာရောက် ကြည့်ကြပ်မှု စတင်ခဲ့ပြီး ယနေ့မှာ ဖူလ်ဟမ်အသင်းနဲ့ ကစားဖို့ ရှိပေမဲ့ အဲလိဇဘက်ဘုရင်မ ကွယ်လွန်(နတ်ရွာစံ)မှုရဲ့ နောက်ဆက်တွဲအနေဖြင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ယာယီ ဖျက်သိမ်းလိုက်ရတာကြောင့် ဗုဒ္ဓဟူးနေ့မှာ စတန့်ဖို့ဒ်ဘရစ်ကွင်းအတွင်း၌ ဆဲလ်ဘတ်အသင်းကို ဧည့်ခံယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် (၂) မှာ ချဲလ်ဆီးနည်းပြ ဘဝရဲ့ ပထမဆုံးပွဲစဉ်ကို စတင်ကိုင်တွယ် ခွင့်ရတော့မှာ ဖြစ်ပါတယ်။

#ချဲလ်ဆီး #တော့ဒ်ဘိုလေ #ပေါ့တာ #ပရီးမီးယားလိဂ်