ရှေ့သို့
Image

ဘုရင်မကြီး ကွယ်လွန်မှုကြောင့် ပေါ့တာရဲ့ သတင်းစာရှင်းပွဲကို ဖျက်သိမ်းလိုက်တဲ့ ချဲလ်ဆီး

9:57 AM, 10 September

အင်္ဂလန်ဘုရင်မကြီး အဲလ်လိဇဘက်ကွယ်လွန်ခဲ့တာကြောင့် ချဲလ်ဆီးအသင်းဟာ နည်းပြသစ် ဂရေဟမ်ပေါ့တာရဲ့ သတင်းစာရှင်းပွဲကို ဖျက်သိမ်းလိုက်ပါတယ်။

အသက် ၄၆ နှစ်သားဟာ ချဲလ်ဆီး နဲ့ ဖူလ်ဟမ်ပွဲမတိုင်ခင် သတင်းစာရှင်းပွဲပြုလုပ်ဖို့ ပြင်ဆင်ခဲ့ေပမယ့် ဘုရင်မကြီးကွယ်လွန်ခဲ့တာကြောင့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ချဲလ်ဆီးဟာ ပေါ့တာကို ကြာသပတေးနေ့တုန်းက တရားဝင်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

“ဘုရင်မကြီးကွယ်လွန်ခဲ့တာကြောင့် ကျွန်တော်တို့ ဒီနေ့မှာ ပြုလုပ်မယ့် သတင်းစာရှင်းပွဲကို ဖျက်သိမ်းခဲ့ပါတယ်။ မမျှော်လင့်ပဲဖြစ်ခဲ့ရတဲ့အတွက်လည်း ကျွန်တော်တို့ တောင်းပန်ပါတယ်”လို့ ချဲလ်ဆီးအသင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဘုရင်မကြီးကွယ်လွန်တာကို ဝမ်းနည်းပူဆွေးတဲ့အနေနဲ့ အခုအပတ်မှာ ကစားမယ့် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံံရှစ်ပွဲစဉ်တွေကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ချဲလ်ဆီးစတား ၂ ဦးဖြစ်တဲ့ မေဆင်မောင့် နဲ့ စတာလင်တို့က ဘုရင်မကြီးကွယ်လွန်တာကို ဝမ်းနည်းပူဆွေးမိကြောင်း လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။
“မင်းရဲ့တာဝန်ထမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ကောင်းစွာအနားယူပါ”လို့ မေဆင်မောင့်က ရေးသားခဲ့ပါတယ်။

ဒါ့အပြင် စတာလင်ကလည်း “တော်ဝင်မိသားစုအတွက် တကယ့်ကို စိတ်မကောင်းဖြစ်မိပါတယ်”လို့ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန်ကစားသမားဟောင်း ဂယ်ရီလိုင်နီကာ ၊ လီဗာပူးတိုက်စစ်မှူးဟောင်း အိုဝင် နဲ့ ဘရာဇီးဂန္ထဝင် ပီလီတို့ကလည်း ဘုရင်မကြီး ကွယ်လွန်မှုအတွက် ဝမ်းနည်းပူဆွေးမိကြောင်း ရေးသားတင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကလည်း “ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ အင်္ဂလန်ဘုရင်မကြီး ကွယ်လွန်မှုကို အရမ်းပဲ ဝမ်းနည်းပူဆွေးမိပါတယ်။  တော်ဝင်မိသားစုနဲ့ အတူ ကမ္ဘာတစ်လွှားက လူတိုင်းကလည်း ဝမ်းနည်းပူဆွေးရပါတယ်”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

#ချဲလ်ဆီး #ပေါ့တာ #ပရီးမီးယားလိဂ်