ရှေ့သို့
Image

ခင်ပွန်း နည်းတူ အောင်မြင်မှုတွေ ရရှိနေတဲ့ ကတ်စ်မဲရိုးရဲ့ ဇနီးချောလေး အန်နာ

4:02 PM, 9 September

မန်ချက်စတာ ယူနိုက်တက် ကစားသမားသစ် ကတ်စ်မဲရိုးရဲ့ဇနီး အန်နာမာရီယာနိုကတော့ အရည်အချင်း အများကြီးနဲ့ အောင်မြင်နေတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်ပါတယ်။ အခုဆိုရင် ခင်ပွန်းဖြစ်သူနဲ့အတူ မန်ချက်စတာကို လိုက်ပါလာပြီပဲ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်အရွယ် ဘရာဇီးသူဟာ မိတ်ကပ်၊ မော်ဒယ်၊ ဖက်ရှင်အစရှိတဲ့ နယ်ပယ်တွေမှာ အောင်မြင်နေသူလည်း ဖြစ်သလို ကလေး ၂ ယောက်ကိုလည်း အကောင်းဆုံး ပြုစု ပျိုးထောင် ထားနိုင်သူလည်း ဖြစ်ပါတယ်။ 


အန်နာဟာ ကတ်စ်မဲရိုး ဆော်ပေါ်လိုအသင်းမှာ ကစားစဉ်ကတည်းက ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး ၂၀၁၁ မှာ စတွဲဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ တွဲပြီး ၃ နှစ်အကြာ ၂၀၁၄ ဇူလိုင် ၂၈ ရက်နေ့မှာ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ကတ်စ်မဲရိုးရဲ့ အသင်းဖော်တစ်ချို့တို့နဲ့သာ မင်္ဂလာဆောင်ကို ကျဉ်းပခဲ့ပါတယ်။ အိမ်ထောင်ကျပြီးတော့မှ အန်နာက စီးပွားရေးစီမံခန့်ခွဲမှုမေဂျာနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း မိတ်ကပ်ပညာရှင်အဖြစ်နဲ့ စတင်လုပ်ကိုင်ခဲ့ပြီး သူမရဲ့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတွေကိုလည်း စတင် တည်ထောင်ခဲ့ပါတယ်။ 


အန်နာဟာ ဖက်ရှင်လုပ်ငန်းတွေမှာလည်း စိတ်ဝင်စားသူဖြစ်ပြီး ကလေးတွေနဲ့ အလုပ်မရှုပ်တဲ့ အချိန်တွေဆိုရင် အင်စတာဂရမ် မော်ဒယ် အဖြစ်လည်း လုပ်ကိုင်လေ့ရှိပါတယ်။ အသက် ၆ နှစ်အရွယ် ဆာရာဆိုတဲ့ သမီးလေးရယ် ဒီနှစ်ထဲမှာမှ တစ်နှစ်ပြည့်ခဲ့တဲ့ သားငယ်လေး ကိုင်ရိုရယ်ဆိုပြီး ကလေးနှစ်ယောက် ရရှိထားပါတယ်။ အန်နာရဲ့ကြွယ်ဝမှုက Wfoot ရဲ့ စစ်တမ်းအရ ပေါင် ၄၂၃၀၀၀ ခန့်သာရှိပြီး တစ်နှစ်ကို ပေါင် ၈.၉ သန်းရရှိနေတဲ့ ခင်ပွန်းရဲ့ လစာ အစွန်းထွက် လောက်တောင် မရှိပါဘူး။ 


ဒါ့အပြင် အခုဆိုရင် ကတ်စ်မဲရိုးက မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် အလွန်များပြားတဲ့ လစာအဖြစ် တစ်ပတ်ကို ပေါင် ၃၀၀၀၀၀ ထိရရှိမှာဖြစ်ပြီး ဒီလစာက ရီးရဲလ်မှာရခဲ့တဲ့ လစာရဲ့နှစ်ဆလည်း ဖြစ်ပါတယ်။ အခုဆိုရင် ဘရာဇီးသားထက် လစာပိုများသူဆိုလို့ တစ်ပတ်ပေါင် ၄၈၀၀၀၀ နဲ့ ခရစ္စတီယာနိုရော်နယ်၊ တစ်ပတ်ပေါင် ၃၇၅၀၀၀ နဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာတို့သာ အိုးထရက်ဖို့ဒ်မှာ ရှိပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ကက်စ်မဲရိုး #ပရီးမီးယားလိဂ် #gossip