ရှေ့သို့
Image

ပေါင် ၁၇ သန်းတန် အိမ်ကြီးရဲ့ မြင်ကွင်းကို ရှုပ်နေတဲ့ ဂေါက်ကွင်းကို ဝယ်ပြီး ဖျက်စီးဖို့လုပ်နေတဲ့ ရော်နယ်ဒို

3:21 PM, 9 September

ပေါ်တူဂီမှာရှိတဲ့ ပေါင် ၁၇ တန်းအိမ်နေရာရဲ့ ဘေးကဂေါက်ကွင်းနဲ့ တန်ဖိုးကြီးဂေါက်ကလပ်တစ်ခုက သူ့အိမ်ရှုခင်းကို ရှုပ်နေတာကြောင့် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုတစ်ယောက် အဆိုပါဂေါက်ကွင်းနဲ့ဂေါက်ကလပ်ကို ဝယ်ပြီးဖျက်စီးပစ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ဘီလျံနာတစ်ယောက်ဖြစ်တဲ့ ရော်နယ်ဒိုဟာ အဆိုပါဂေါက်ကွင်းနဲ့ဂေါက်ကလပ်ကို နေရာရွှေ့ပြောင်းပေးမယ်လို့လည်း ကမ်းလှမ်းထားပါတယ်။ ၃၇ နှစ်အရွယ် ကလေး ၅ ယောက်ဖခင်ဟာ သီးသီးသန့်သန့်နေလိုပြီး အိမ်ထဲထိကားမောင်းဝင်လို့ရမယ့် အိမ်မျိုးကိုဖန်တီးဖို့ ကြိုးစားနေတာပါ။ အဲ့ဒီအိမ်မှာ အတူနေချစ်သူ ၂၈ နှစ်အရွယ် ဂျော်ဂျီနာရိုဒရီဂွက်ဇ်ရယ် ကလေး ၅ ယောက်ရယ်နဲ့လည်း အတူတူနေဖို့ စီစဉ်ထားပါတယ်။

ခေတ်ရှေ့ပြေးဒီဇိုင်းနဲ့ အဆိုပါအိပ်မက်အိမ်ကြီးမှာ သူ့ရဲ့တန်းဖိုးကြီးစူပါကား အစီး ၃၀ ထားဖို့ အလွှာအလိုက် ဓာတ်လှေကားတွေပါရှိတဲ့ ကားဂိုးဒေါင်ကြီးတစ်ခုကိုလည်း ထည့်သွင်းတည်ဆောက် ခိုင်းထားတယ်လို့ သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။ တစ်ပတ်ကို ပေါင် ၅၀၀၀၀၀ ထိရရှိနေတဲ့ ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ သူ့အိမ်မှာအသုံးပြုမယ့် စကျင်ကျောက်အမျိုးအစားကလည်း သူ့အိမ်တစ်ခုတည်းမှာပဲ ရှိစေဖို့အတွက် အဆိုပါကျောက်ကို ရရှိနိုင်တဲ့ အီတလီကျောက်တွင်းတစ်တွင်းကိုပါ ဝယ်ယူဖို့ အချိန်ယူပြီးစဉ်းစားနေတယ်လို့ ဆိုပါတယ်။

ဒီနှစ်အစောပိုင်းက ထွက်ရှိခဲ့တဲ့ The Sun သတင်းအရ ကွင်တာဒါ မာရင်ဟာမှာရှိတဲ့ အဆိုပါအိမ်က ပေါင် ၁၀ သန်းကနေ ၁၇ သန်းလောက်ထိ တန်ဖိုးရှိနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် နာမည်ကြီးဗိသုကာပညာရှင် ဗစ်တာဗစ်တာရီနိုရဲ့ လက်ရာတွေပါဝင်လာခဲ့မယ်ဆိုရင်တော့ တန်ဖိုးနှစ်ဆလောက်ထိ တက်သွားနိုင်ပါတယ်။ ၁၂၀၀၀ စတုရန်းပေအကျယ်အဝန်းရှိတဲ့ မြေနေရာမှာ တည်ဆောက်မှာဖြစ်ပြီး လာမယ့်နှစ်အစောပိုင်းမှာ အပြီးသတ်ဖို့ စီစဉ်ထားပါတယ်။

ကြယ်ပွင့်တိုက်စစ်မှူးရဲ့ ရှေ့နေတွေကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက အီတာဗို့စ်ဂေါက်ကလပ်ရဲ့ပိုင်ရှင် မီဂွဲလ်ချမ်ပါလီမော့နဲ့ တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ မစ္စတာချမ်ပါလီမော့ကတော့ ကမ်းလှမ်းမှုကို ပြန်လည်တုန့်ပြန်တာမျိုး မရှိသေးပါဘူး။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ပရီးမီးယားလိဂ် #gossip