ရှေ့သို့
Image

အသင်းပိုင်ရှင်သစ် ဘိုလီကို ဝေဖန်လိုက်တဲ့ နောက်ခံလူဟောင်း ဝီလီယံဂါးလက်စ်

1:21 PM, 9 September

ချဲလ်ဆီး နောက်ခံ  လူဟောင်း ဝီလီယံဂါးလက်စ်က နွေရာသီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အသင်းပိုင်ရှင်သစ် ဘိုလီကို မေးခွန်းထုတ်ခဲ့သလို အူဘာမီယန်းအပြောင်းအရွှေ့ကလည်း ကြံမိကြံရာကြံခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ အသင်း ပိုင်ရှင် အသစ်ဟာ တူချယ်ကိုမထုတ်ပယ်ခင် ပေါင်သန်း ၂၈၀ လောက်အထိ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။


အာဆင်နယ် အသင်း ခေါင်းဆောင်ဟောင်းကတော့ ချဲလ်ဆီးထံ အပြောင်းအရွှေ့ နောက်ဆုံးရက်တုန်းက ရောက်လာခဲ့တာဖြစ်ပြီး တူချယ်နဲ့ ဆက်ဆံရေးကြောင့်လည်း ပြောင်းလာခဲ့တာဖြစ်ပါတယ်။ အူဘာမီယန်းဟာ တူချယ်နဲ့ တပတ်လောက်သာ ဆုံခဲ့ရတာဖြစ်ပြီး ဂါးလက်စ်က အသင်းရဲ့ တိုက်စစ်ပြဿနာကို အမျှော်အမြင်မရှိပဲ ဖြေရှင်းခဲ့တဲ့အတွက် မေးခွန်းထုတ်ခဲ့ပါတယ်။


“ချဲလ်ဆီး အပြောင်းအရွှေ့က ငွေအများကြီး သုံးခဲ့ပေမယ့် အဆင်မပြေဘူးလို့ ကျွန်တော်ခံစားရပါတယ်။ အသင်းက အခုနွေရာသီမှာ အပြောင်းအလဲတော့ အများကြီးဖြစ်ခဲ့ပါတယ်။ ဘိုလီ နဲ့ ချဲလ်ဆီးက အသင်းကို လူအများကြီး ရောက်လာတာပဲ လိုချင်ခဲ့တာပါ။ ဒါပေမယ့် အခုအပြောင်းအရွှေ့က မှန်ကန်တဲ့ ချဉ်းကပ်မှုတော့ မဟုတ်ခဲ့ပါဘူး။


သူတို့ ငွေအများကြီး သုံးခဲ့ပေမယ့် အူဘာမီယန်း အပြောင်းအရွှေ့ကိုပဲ ကြည့်ပါ။ အာဆင်နယ်ကနေ ဇန်နဝါရီတုန်းက ထွက်ခွာခဲ့ပြီး ဘာစီလိုနာကို ပြောင်းခဲ့ပါတယ်။ အခုဆို ၆ လအကြာမှာပဲ ပရီးမီးယားလိဂ်ကို ပြန်လာခဲ့ပါပြီ။ ကျွန်တော်တို့ ဘာစီလိုနာ အကြောင်း ပြောနေတာပါ။ ၆ လအကြာမှာ ဘာစီလိုနာကနေ မထွက်ခွာသင့်ပါဘူး။


ကျွန်တော် ဘာကို ဆိုလိုချင်တာလဲဆိုတာ သိလား။ ဘာစီလိုနာက သူ့ကို အပတ်တိုင်းပွဲထွက်ခွင့် အာမခံချက်မပေးနိုင်ပါဘူး။ သူတို့ လီဝန်ဒေါစကီးကိုလည်း ခေါ်ယူခဲ့ပါတယ်။ အသက် ၃၃ နှစ်ဖြစ်နေရင်တောင် သူ့အနေနဲ့ ဘာစီလိုနာလို အသင်းမျိုးမှာ တိုက်ပွဲဝင်သင့်ပါတယ်။ အချို့ပရိသတ်တွေကတော့ ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မပျော်တာကို ကျွန်တော်သိပါတယ်။ 


ချဲလ်ဆီးဘုတ်အဖွဲ့ အလျင်လိုခဲ့တယ်လို့ ထင်ပါတယ်။ သူတို့ တိုက်စစ်မှူးတစ်ဦးကို အလျင်စလိုခေါ်ယူခဲ့တာပါ။ ရေရှည်ထက် ရေတိုကိုပဲကြည့်ပြီး ဖြေရှင်းခဲ့တာပါ။ အဲ့တာကလည်း အပြောင်းအရွှေ့ ပိတ်တော့မှာ ဖြစ်တာကြောင့်ပါ”လို့ ဂါးလက်စ်က ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ဘိုလီ #ဂါးလက်စ် #ပရီးမီးယားလိဂ်