ရှေ့သို့
Image

ဂရေဟမ်ပေါ့တာနေရာမှာ အဒမ်လယ်လာနာကို ကစားသမား နည်းပြအဖြစ် ယာယီ ခန့်အပ်သွားဖို့ ရှိတဲ့ ဘရိုက်တန်

11:36 AM, 9 September

ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အဖွင့်ပွဲစဉ်မှာ ယူနိုက်တက်အသင်းကို အို့ထရက်ဖို့ဒ်ကွင်းအတွင်းမှာ အနိုင်ရယူနိုင်ခဲ့တဲ့ ပွဲစဉ်အပါအဝင် နိုင်ပွဲတွေဆက်တိုက် ရယူကာ ပုံးစံကောင်းအချို့ကို ပြသနိုင် ခဲ့တဲ့ ဘရိုက်တက်တန်အသင်းက အဓိကအားကိုး အားထားပြုနေရတဲ့ နည်းပြ ဂရေဟမ်ပေါ့တာဟာ ချဲလ်ဆီးအသင်းကို ရောင်းချ လိုက်ပြီးနောက် ယာယီနည်းပြ အဖြစ် ဝါရင့်ကွင်းလယ်ကစားသမား အဒမ်လယ်လာနာကို ခန့်အပ်သွား ဖွယ် ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာနေပြီပဲ ဖြစ်ပါတယ်။

ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အသင်းကို အရေးနိမ့်ခဲ့တဲ့ တာကြောင့် လန်ဒန်ကလပ်ချဲလ်ဆီးအသင်းက နည်းပြ သောမက်စ်တူချယ်ကို ဒီသီတင်းပတ်အစောပိုင်းမှာပဲ ထုတ်ပယ်ခဲ့ပြီး ဘရိုက်တန်အသင်းနဲ့အတူ ပုံစံကောင်းတွေ ဆက်တိုက် ပြသနေတဲ့ အင်္ဂလိပ်နည်းပြ ဂရေဟမ်ပေါ့တာ ကို ခေါ်ယူခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း ကြာသပတေးနေမှာ တရားဝင်ကြေငြာမှု ပြုလုပ်ခဲ့ပါတယ်။

ဘရိုက်တန်အသင်းအတွက်တော့ အသက် ၄၇နှစ်အရွယ်နည်းပြ ပေါ့တာ နေရာမှာ အလျှင်အမြန်အစားထိုးနိုင်ဖို့ အခက်အခဲရှိနေတဲ့ အပြင် လက်ထောက်နည်းပြ ဖြစ်သူ ဘရူနိုကပါ ဂရေဟမ်ပေါ့တာနဲ့အတူ ချဲလ်ဆီးအသင်းမှာ ပူးပေါင်းတာဝန်ယူသွားမှာ ဖြစ်တာကြောင့် အထိနာခဲ့ရပါတယ်။ ဒါကြောင့် ဘရိုက်တန်အသင်းက လာမယ့်လိဂ်ပွဲစဉ်တွေမှာ အရေးပေါ်ယာယီနည်းပြ အဖြစ် ဝါရင့်ကွင်းလယ်ကစားသမား လယ်လာနာကို ခန့်အပ်ပြီးတော့ ယူ ၂၁အသင်းရဲ့ နည်းပြ အင်ဒရူးခရော့ ကို တွဲဖက် တာဝန်ပေးအပ်သွားဖွယ် ရှိနေတာဖြစ်ပါတယ်။

အသက် ၃၄နှစ်အရွယ် ကွင်းလယ်လူ လယ်လာနာအနေဖြင့် ဘရိုက်တန်အသင်းနဲ့အတူ ယခုနှစ်ရာသီ ဒဏ်ရာပြဿနာတွေကြောင့် ၃ပွဲသာ ပါဝင်ကစားပေးထားနိုင်ခဲ့တဲ့အပြင် အသင်းခေါင်းဆောင်အဖြစ်တောင် တာဝန်ယူရသေးခြင်းမရှိတာကြောင့် ယာယီနည်းပြ အဖြစ် ခန့်အပ်ခံရတော့မယ့်အပေါ် ပရိသတ်တွေ အနေဖြင့်လည်း အံ့အားသင့်နေကြရတာ လည်း ဖြစ်ပါတယ်။

ဘရိုက်တန်အသင်းက လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် (၇) အဖြစ် တန်းတက်ဘုန်းမောက် အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားသွားရဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။

#ဘရိုက်တန် #အပြောင်းအရွှေ့ #ဂရေဟမ် ပေါ့တာ #လယ်လာနာ