ရှေ့သို့
Image

လီဗာပူးနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကာလရှည်အနားယူရတော့ဖို့ရှိနေတဲ့ ပစ်ဖို့ဒ်

4:50 PM, 8 September

ပရီမီးယားလိဂ်ပြိုင်ပွဲအတွင်း ရလဒ်တွေ ဆက်တိုက်ဆိုးရွားနေတဲ့ အဲဗာတန်အသင်းအတွက် ဂိုးသမားပစ်ဖို့ဒ်ရဲ့ ဒဏ်ရာပြဿနာက သီတင်းပတ်အတော်ကြာအနားယူရတော့မှာ ဖြစ်တာကြောင့် နောက်ထပ် ထိုးနှက်ချက် တစ်ရပ် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။

ပစ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့အပတ် လီဗာပူးအသင်းနဲ့ ကစားခဲ့တဲ့ မာဆေးဆိုဒ် ဒါဘီအတွင်းမှာ ထိခိုက်မိခဲ့တာဖြစ်ပြီး အဆိုပါ ပွဲစဉ်မှာ အထူးတလည် လက်စွမ်းပြကာကွယ်မှုတွေ ပြုလုပ်ပေးခဲ့ကာ အသင်းကြီးတစ်သင်းဖြစ်တဲ့ လီဗာပူးအသင်းကို မရှုံးနိမ့်အောင် စွမ်းဆောင် ပြထားခဲ့တာလည်း ဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ ခါးသီးတဲ့ ပြိုင်ဘက်လီဗာပူးအသင်းကို ၃မှတ်မပေးရအောင် တားဆီးနိုင်ခဲ့ပေမဲ့ အဓိက အားထားရတဲ့ ဂိုးသမား ပစ်ဖို့ဒ်ကတော့ ဒဏ်ရာရရှိသွားခဲ့တာကြောင့် လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေဖြစ်တဲ့ အာဆင်နယ်၊ ဝက်စ်ဟမ်းအသင်းတို့နဲ့ ပွဲစဉ်တွေကို အရန်ဂိုးသမား ဘီဂိုဗစ်ကိုသာ ထည့်သွင်းအသုံးပြု ရတော့မှာ ဖြစ်ပါတယ်။

ပစ်ဖို့ဒ်က အဆိုပါ ဒဏ်ရာပြဿနာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဥရောပနေးရှင်းလိဂ် ပွဲစဉ်အဖြစ် ကစားရဖို့ရှိတဲ့ အီတလီနဲ့ ဂျာမနီအသင်းတို့နဲ့ကစားမယ့် ပွဲစဉ်တွေကိုလည်း လိုက်ပါ ကစားနိုင်ဖို့ မရှိတော့ဘဲ လွဲချော်ရတော့မှာပဲ ဖြစ်ပါတယ်။

#လီဗာပူး #အဲဗာတန် #ပစ်ဖို့ဒ် #ပရီးမီးယားလိဂ်